ဒေါ်အောင်ဆန်းစုကြည် Benazir Bhutto Shaheed ဆု ရရှိ

alt

ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က Benazir Bhutto Shaheed ဆုအား မြန်မာပြည် ဒီမိုကရေစီ ရရှိရေးအတွက် တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံး အဖြစ် ပေးအပ် လိုက်ကြောင်း ပါကစ္စတန် လက်ရှိ အာဏာရ ပါကစ္စတန် ပြည်သူ့ပါတီ (PPP) က ကြေညာချက် ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။ ကွယ်လွန်သူ ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဘနာဇီယာ ဘူတို (Benazir Bhutto) ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက်နေသူ၊ လူ့အခွင့်အရေး ရရှိရေး ဆောင်ရွက်နေသူ၊ အများ အတွက် ပရဟိတ လုပ်နေသူနဲ့ အမျိုးသမီးများ စွမ်းရည် မြှင့်တင်ရေးတို့ အတွက် ကဏ္ဍ ၄ မျိုးခွဲပြီး ဆုပေးအပ်တာ ဖြစ်ကြောင်း ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်၊ လက်ရှိ နိုင်ငံသမ္မလည်းဖြစ်တဲ့ အာဆစ်ဖ် အလီ ဇာဒါရီ (Asif Ali Zadari) က ကြေညာချက် မှာရေးသားထားတာကို တွေ့ရှိရသည်။ ပါကစ္စတန်မှာ ၂၀၀၇ ခုနှစ်က လုပ်ကြံ  သတ်ဖြတ်ခံခဲ့ရပြီး၊ မနေ့က (တနင်္လာနေ့) က ကျရောက်ခဲ့သည့် ၅၇ နှစ်မြောက် မွေးနေ့ရှင် ကွယ်လွန်သူ ဘနာဇီယာ ဘူတိုအား ဂုဏ်ပြုပြီး ပထမဆုံး အကြိမ် ပေးအပ်ခဲ့တာ ဖြစ်ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here