NLD ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်များ ပြည်နယ် နှင့် တိုင်းများ ခရီးလှည့်

alt

ကရင်ပြည်နယ် လှိုင်းဘွဲ့နှင့်​ ဖားအံမြို့သို့​ NLD​ ဗဟို အလုပ် အမှုဆောင်များ ​ဖြစ်​သည့်​ ဦးဝင်းတင်​၊ ဦးဟံသာမြင့်နှင့်​ ဗဟန်း အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်မြင့်တို့​ရောက်​ရှိ​နေ​ပြီး​၊​

​ မန္တလေးတိုင်း တွင် NLD​ ဗဟို အလုပ်အမှုဆောင် ဦးအုန်းကြိုင်၊ လပွတ္တာ ဦးကြည်ဝင်းနှင့် အဖွဲ့များ​​ သွား​ရောက်​ကာ ပါတီဝင်ဟောင်းနှင့် တွေ့ဆုံ​ ဆွေးနွေးပွဲ​များ​ ​ပြု​လုပ်​​ နေ​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

NLD​ ဗဟို​ အလုပ်အမှုဆောင်များ​ ​ဖြစ်​သည့်​ ဦးဝင်းတင်က​ သူ​၏​ ​ခ​ရီး​စဥ်​နှင့်​ ​ပတ်​သက်​ပြီး​ ပါတီ​ စည်းရုံးရေး ဆင်းခြင်း မဟုတ်ကြောင်း​​ပြော​ဆို​ခဲ့​သည်​။​ ​ဆက်​လက်​၍​ နိုင်ငံရေး အခြေအနေသစ်တွင် ရှိနေ​သော အောက်ခြေ အဖွဲ့အစည်းများနှင့် ပတ်သက်ပြီး စုစည်း ခိုင်မာမှု​ အတွက် ရည်ရွယ်ချက်ဖြင့် ညွှန်ကြားခြင်း၊ ပါတီ reorganization​ (ပါတီပြန်လည်​ ဖွဲ့စည်းခြင်း) ပြောင်းလဲ ဖွဲ့စည်းခြင်းတို့​ အ​တွက်​ ​မ​ဟုတ်​ကြောင်း​၊ ပါတီ​ စုစည်း​ ခိုင်မာမှု တစ်ခုတည်းအ​တွက်​သာ​ ​ဖြစ်​ပြီး​၊​ ပါတီသည် မှတ်ပုံမတင်ဖြစ်​​ ​နောက်​ပိုင်း​ ရွေးကောက်ပွဲကို မဝင်ဖြစ်​ ဆိုသည်မှအပ ပါတီသည် ခါတိုင်း လုပ်မြဲ​ အလုပ်များကို လုပ်နေသည်၊ လုပ်မြဲ​ နိုင်ငံရေး အလုပ်များကို လုပ်​နေ​သည်၊ လုပ်မြဲ လူမှုရေးအလုပ်များ​ ​လုပ်​နေ​သည်​၊ ရဲဘော်များ​နှင့်​ တွေ့ဆုံသည်၊ ဆွေးနွေးမြဲ​ ပုံစံအတိုင်း ဆွေးနွေးနေကြ​သည်​ ​စ​သ​ဖြင့်​ ​၎င်း​ကိ​စ္စ​များ​ကို​ အဓိက လာ​၍ ​ရှင်း​လင်း​ပွဲ​ လုပ်ခြင်း ​ဖြစ်​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​

မန္တလေးတိုင်း​ရောက်​ရှိ​​နေ​ပြီး​ မန္တလေးတိုင်း​ ပါတီဝင်များအား​ တွေ့ဆုံ​ ဆွေးနွေးပွဲ​ ​လုပ်​နေ​သည့် NLD ဗဟိုကော်မတီဝင် ဦးအုန်းကြိုင်က​ ဒေါ်အောင်ဆန်းစုကြည်​၏​ ခေါင်းဆောင်မှု၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့​၏ လမ်းညွှန်ချက်များ​သည် ယ​ခု​အ​တိုင်း နိုင်ငံရေး​ အဖြစ်ဖြင့်​ စိတ်ဓာတ် ခိုင်ခိုင်မာမာ ရှိနေသည့်အကြောင်း၊ ​၎င်း​တို့​သည် ပါတီ ခွဲထောင်ခြင်း​ မဟုတ်သ​လို​၊ NLD ပျက်သွားပြီ ဆိုသည်​မှာလည်း မဟုတ်​ကြောင်း​၊ NLD မှနေပြီး တခြား ဆင်တူယိုးမှားပါ​တီ ထောင်​သည် ဆိုခြင်း​များ​မှာလည်း မဟုတ်​ကြောင်း စ​သည့် ကိစ္စများ​ကို​ ရှင်းပြ​ခဲ့​ပြီး​၊​ အဖွဲ့ချုပ်ခေါင်းဆောင်များ​၏​ မှာကြားချက်များကို တဆင့် ပြန်ပြောပြသလို အပြန်အလှန် ဆွေးနွေးမှုများလည်း လုပ်ခဲ့​ကြောင်း​ ​ပြော​ဆို​ခဲ့​သည်​။​

NLD​ ဗဟိုအလုပ်အမှုဆောင်များ​သည်​ ​ဆက်​လက်​ပြီး​ ​တိုင်း​နှင်​့ပြည်​နယ်​များ​သို့​ ​ခ​ရီး​ဆက်​ထွက်​မည်​ ​ဖြစ်​ပြီး​ NLD​ ​​၏ ​သ​ဘော​ထား​၊​ ​လက်​ရှိ​ ရပ်​တည်​ချက်​များ​နှင့်​ ​ပတ်​သက်​ပြီး​ ဆွေးနွေးမှုများ​ ​လုပ်​ဆောင်​သွားမည်​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here