Jonah​ Hex​ ​ဇာတ်​ကား​မှာ​ ​သူ​မ​အ​တွက်​ ​အ​ခက်​ခဲ​အ​ပင်​ပန်း​ဆုံး​ဟု​ ​မီ​ဂန်​ဖော့စ်​ပြော​

alt

သူမအနေနှင့် (၅)ရက်သာ ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သော်လည်း Jonah Hex သည် ဘဝတွင် ကြံုခဲ့ရသမျှ အခက်ခဲ အပင်ပန်းဆုံး ဇာတ်ကား ဖြစ်ခဲ့ကြောင်း မီဂန်ဖော့စ်က ဝန်ခံ ပြောကြား လိုက်သည်။

ဟောလီးဝုဒ်၏ ညှို့အားပြင်း နတ်မိမယ် တစ်ပါး အဖြစ် တင်စားခံရသော Transformers မင်းသမီးဟောင်းက ယခုဇာတ်ကား ရိုက်ကူးရာတွင် အခက်အခဲ များစွာ ကြံုခဲ့ရကြောင်း၊ စွန့်စားခန်းနှင့် မိတ်ကပ်များမှာ ကြောက်စရာ ကောင်းလှကြောင်း၊ သူမ အနေနှင့် နောက်တစ်ကြိမ် ထိုရိုက်ကွင်းမျိုး မကြံု ချင်တော့ကြောင်း ပြောဆို သွားသည်။ MTV နှင့် အင်တာဗျူးတွင် ဖော့စ်က သူမသည် (၅) ရက်လုံးလုံး လူဝီစီးယားနားတွင် ထိုဇာတ်ကားကို ရိုက်ကူးခဲ့ရကြောင်း၊ ထိုမျှလောက် ခက်ခဲမည်ဟု မထင်သလို ယခင်ကလည်း ဤသို့အတွေ့အကြံုမျိုး မရှိခဲ့ဖူးကြောင်း ညည်းတွားခဲ့သည်။ ထို့အပြင် တစ်ဦးချင်း မျက်နှာချင်းဆိုင်တွေ့ကာ သေနတ်ပစ်ခန်းများတွင် သူမအတွက် ခက်ခဲကြောင်း၊ သူမ၏ လက်များမှာ သေးငယ် သဖြင့် ဒုက္ခ ရောက်ခဲ့ကြောင်း ပြောကြားသွားသည်။

သေနတ်များက ကြီးလည်းကြီး၊ လေးလည်းလေးသဖြင့် သူမအတွက် ကိုင်တွယ်ရာတွင် ခက်ခဲကြောင်း၊ မိမိအနေနှင့် အက်ရှင် ဇာတ်ကားများ အတွက် ယခုထက်ပိုမို အကြမ်းခံ လေ့ကျင့်ရန် လိုနေပြီ ဖြစ်ကြောင်း ဖော့စ်က ညည်းညူပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here