နေ​ရပ်​ပြန်​ပို့​ခံ​ရသည့်​ ​အ​နယ်လ်​ကာ​ဖက်​မှ​ ​ဒ​ရော့​ဘာ​​ ထောက်​ခံ​

alt

ချယ်ဆီး အသင်းမှ ဘောလုံးသမား ဒီဒီရာ ဒရော့ဘာက ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲမှ နေရပ်သို့ ပြန်ပို့ခြင်း ခံရသည့် ကလပ် အသင်းဖော် နီကိုလက် အနယ်ကာဖက်မှ ထောက်ခံကြောင်း ပြောကြား လိုက်သည်။

အိုင်ဗရီကို့ လက်ရွေးစင် ဒရော့ဘာရော၊ ပြင်သစ် လက်ရွေးစင် အနယ်ကာတို့ပါ သက်ဆိုင်ရာ နိုင်ငံ အသင်းများဖြင့် ကမ္ဘာ့ဖလားသို့ ၀င်ရောက် ယှဥ်ပြိုင်လျက်ရှိသည်။ အသက် (၃၀) အရွယ် အနယ်ကာသည် ပြင်သစ် အသင်း တောင်အာဖရိက ကမ္ဘာ့ဖလားတွင် ရလဒ်ဆိုးများ ကြံုနေ ရသည့် အတွက် ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ခဲ့ရာ နည်းပြ ရေမွန်ဒိုမီနစ်က ၎င်းအား အသင်းမှ ထုတ်ပယ်ကာ ပြင်သစ်သို့ ပြန်ပို့ပြီး အရေးယူခဲ့သည်။ သို့သော်လည်း ဒရော့ဘာက မိမိနှင့် (၂) နှစ်ခွဲအတူ တွဲကစားခဲ့သည့် အသင်းဖော်အား အပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ယခုအချိန်သည် အနယ်ကာ အတွက် ခက်ခဲသော ကာလ ဖြစ်ကြောင်း၊ သို့သော်လည်း အနယ်ကာ အနေနှင့် ယင်းကို အကောင်းဆုံး ဖြတ်ကျော် နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ဒရော့ဘာကဆိုသည်။

ပြင်သစ်အသင်းသည် နှစ်ပွဲကစား တစ်မှတ်သာ ရရှိထားသေးပြီး အသင်း၏ စည်းလုံးမှုမှာလည်း ပျက်ပြားသည့် အခြေအနေသို့ ရောက်ရှိနေသည်။ နည်းပြ၏ ဆုံးဖြတ်ချက်အပေါ် မကျေနပ်သည့် ပြင်သစ် တစ်သင်းလုံးက ဇွန်လ(၂၀)ရက်နေ့တွင် လေ့ကျင့်ခန်း ဆင်းရန် ငြင်းဆန်ကာ ဆန္ဒပြ ခဲ့ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here