တ​ရုတ်​နိုင်ငံ​သို့​ ​အ​ကူ​အ​ညီ​ပေး​ပို့​မှု​ ​ဗြိ​တိန်​​ ရပ်​ဆိုင်း​မည်

alt

ဗြိတိန် နိုင်ငံ သည် တရုတ်သို့ ပေးပို့ နေသည့် ထောက်ပံ့မှုများကို ရပ်ဆိုင်း တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ တရုတ် နိုင်ငံ သည် ကမ္ဘာပေါ်တွင် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အမြန်ဆန်ဆုံး

နိုင်ငံအဖြစ်သို့ ရောက်ရှိနေသည့်တိုင် (၂၀၀၈/၉) ဘဏ္ဍာရေး နှစ်အတွင်းက ဗြိတိသျှ အာဏာရ လေဘာပါတီသည် တရုတ်နိုင်ငံသို့ ထောက်ပံ့ ငွေကြေး ပေါင်စတာလင် သန်း (၄၀) ထိ ပေးပို့ ခဲ့သေးသည်။ သို့သော်လည်း ယခုအခါ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တစ်ခု အဆင့်ထိ ရောက်နေသော တရုတ်သို့ ဗြိတိန် အနေနှင့် ဆက်လက် ထောက်ပံ့ တော့မည် မဟုတ်ဘဲ အဆိုပါ ငွေကြေးများကို အမှန်တကယ် လိုအပ်နေသည့် ကမ္ဘာတဝှမ်းမှ ဆင်းရဲ နွမ်းပါးသော နိုင်ငံများထံ ပေးပို့သွားမည်ဟု နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန အတွင်းရေးမှူး အင်ဒရူး မစ်ချယ်က ပြောကြား ခဲ့သည်။ အစိုးရအနေနှင့် အခွန်ထမ်း ပြည်သူများ၏ ငွေကြေးများကို အမှန်တကယ် အကျိုးရှိသော လုပ်ဆောင်မှုတွင်သာ အသုံးပြုရန် လိုအပ်ကြောင်းလည်း မစ်ချယ်က ဆိုသည်။ ကမ္ဘာပေါ်တွင် စီးပွားရေးအင်အား အကြီးမားဆုံး နိုင်ငံတစ်ခုအဖြစ် ရပ်တည် နေဆဲဖြစ်ပြီး G8အဖွဲ့တွင် အဆင့်အတန်း မြင့်သော အဖွဲ့ဝင် အဖြစ် ရပ်တည်နေသည့် ရုရှားသည် ယမန်နှစ်က ဗြိတိန်ထံမှ ထောက်ပံ့ငွေ ပေါင်စတာလင် (၃၇၃၀၀၀) ရရှိခဲ့သည်။

နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာနသည် ဗြိတိန်နိုင်ငံ အစိုးရက ထောက်ပံ့သော ပေါင်စတာလင် (၂.၉)ဘီလျံကို နိုင်ငံပေါင်း (၉၀)ကျော်သို့ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေး ထောက်ပံ့မှုများအတွက် ပေးပို့ခဲ့ခြင်းဖြစ်သည်။ မစ်ချယ်က ဗြိတိန်ပြည်သူတို့၏ ငွေကြေးများသည် စီးပွားရေးအင်အား ကြီးမားသော တရုတ်နှင့် ရုရှားတို့သို့ စီးဆင်းသွားခြင်းမှာ ရေများရာ မိုးရွာနေသကဲ့သို့ ဖြစ်နေပြီး အမှန်တကယ် အကျိုးဖြစ်ထွန်းမှု နည်းပါးနေကြောင်း ထောက်ပြခဲ့သည်။ ယင်းအစား ယခုနှစ်မှ စတင်ကာ တရုတ်နှင့် ရုရှားသို့ ထောက်ပံ့နေသည့် ငွေကြေးများကို ဖွံ့ဖြိုးဆဲ နိုင်ငံအချို့တို့တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးစသည်တို့အတွက် ခွဲဝေထောက်ပံ့သွားမည်ဟုလည်း မစ်ချယ်က ပြောကြားသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here