​လက်​ဖက်ရည်​သောက်​ခြင်း​ဖြင့်​ ​ရေ​ဓာတ်​ဆုံး​ရှံုး​မှု​​ ကာ​ကွယ်​နိုင်

alt

ပူပြင်းခြောက်သွေ့သော ကာလများတွင် ရေဓာတ် ဆုံးရှုံးမှုကို ကာကွယ်ရန် အတွက် လက်ဖက်ရည် သည် အသင့်တော်ဆုံး သဘာဝ ဆေးဝါး တစ်မျိုးဖြစ်ကြောင်း ဗြိတိန် သုတေသီ တစ်ဦးက ထုတ်ဖော် ပြောကြား လိုက်သည်။

ဗြိတိန်မှ အာဟာရ သုတေသန ပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာ ကာရီရက်စတန်းက လက်ဖက်ရည်သည် ဆီးအိမ်အတွင်းမှ ရေဓာတ် ဆုံးရှုံးမှုကို ထိန်းသိမ်း ပေးပြီး ဆီး နှင့်အတူ ရေဓာတ် ပါဝင်သွားမှုကို ကာကွယ်ပေးနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဒေါက်တာ ရက်စတန်းက လူ(၂၁)ဦးအား ရေအစား လက်ဖက်ရည်ကိုသာ တိုက်ခဲ့ပြီး (၁၂)နာရီအတွင်း ရေဓာတ် ဆုံးရှုံးမှုကို လေ့လာခဲ့ရာ သိသိသာသာ လျော့နည်းနေသည်ကို တွေ့မြင် ခဲ့ရကြောင်း အီဒင်ဘတ်တွင် ပြုလုပ်သည့် အာဟာရ ဆေးပညာ သုတေသန ညီလာခံတွင် ရှင်းလင်း ပြောကြား သွားသည်။ သို့သော်လည်း လက်ဖက်ရည်သည် အလွန် ပူသည့်အချိန်တွင် ဆိုဒီယမ်နှင့် ဓာတ်ဆားများ ဆီးနှင့်အတူ ပါသွားခြင်းကိုမူ အများအပြား ထိန်းသိမ်း ပေးနိုင်ခြင်း မရှိကြောင်းလည်း ပြောကြားသွားသည်။

အလွန် ပူပြင်းသော အချိန်များတွင် လက်ဖက်ရည် သောက်ခြင်းဖြင့် အရသာရှိရှိ သုံးဆောင်နိုင်သည့်အပြင် ကျန်းမာရေးအတွက် အထောက်အကူပြုကာ ရေဓာတ်ဆုံးရှုံးမှုကို ဟန့်တား ပေးနိုင်သဖြင့် ကောင်းမွန်သော သဘာဝ ဆေးစွမ်းကောင်း တစ်လက်အဖြစ် မှတ်ယူ နိုင်မည်ဖြစ်ကြောင်း ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here