​တ​မီ​ကျား​သူ​ပုန်​တို့​အား​ ​အောင်​ပွဲ​ခံ​နိုင်​သည့်​ အ​ထိမ်း​အ​မှတ်​ အ​ခမ်း​အ​နား​ ​သီ​ရိ​လ​င်္ကာ​တွင်​ ကျင်း​ပမည်

alt

သီရိလင်္ကာ အစိုးရသည် တမီကျား သူပုန်တို့အား အောင်ပွဲ ဆင်နိုင်ခဲ့သည့် အထိမ်းအမှတ် အဖြစ် မြို့တော် ကိုလံဘိုတွင် စစ်ရေးပြ အခမ်းအနား တစ်ရပ် ကျင်းပသွားရန် စီစဥ် နေကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က ဆယ်စုနှစ်နှင့်ချီ စစ်ပွဲ ဖြစ်ပွားနေသည့် တမီတို့ကို အစိုးရ စစ်တပ်က အောင်မြင်စွာ တိုက်ခိုက် နိုင်ခဲ့သည့် နှစ်ပါတ်လည် အဖြစ် မေလ အတွင်းက ယင်း စစ်ရေးပြ အခမ်းအနားကို ကျင်းပရန် စီစဥ် ခဲ့သော်လည်း မိုး သည်းထန်စွာ ရွာသွန်း နေမှုကြောင့် ရွှေ့ဆိုင်း ခဲ့ရသည်။ သီရိလင်္ကာ အစိုးရ တပ်များသည် လက်ရှိ အချိန်တွင် အတိုက်အခံ ခေါင်းဆောင် ဖြစ်နေသူ ထိုအချိန်က စစ်ဗိုလ်ချုပ်ကြီး ဆာရက်ဖွန်ဆီကာ၏ ဦးဆောင်မှုဖြင့် အစိုးရ အဆက်ဆက်အား နှစ်ရှည်လများ တိုက်ခိုက် နေသည့် တမီတို့ အပေါ် အောင်ပွဲခံ ခဲ့သည်။ သမ္မတ မာဟင်ဒါ ရာဂျာပါဆာသည် ကိုလံဘိုတွင် မကြာမီ အချိန်အတွင်း စစ်ရေးပြ အခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီး မကြာမီ ရက်အတိအကျ ကြေညာသွားဖွယ် ရှိနေသည်။

သို့သော်လည်း အဆိုပါ စစ်ရေးပြပွဲသို့ သီရိလင်္ကာ ပြည်သူ အများစု တက်ရောက်ခွင့် ရမည် မဟုတ်ဘဲ ရုပ်မြင်သံကြားမှသာ ကြည့်ရှုခွင့် ရမည်ဖြစ်သည်။ ထိုစဥ်က စစ်ဗိုလ်ချုပ် အဖြစ် ဦးဆောင်ခဲ့သည့် ဖွန်ဆီကာသည် အစိုးရအား လုပ်ကြံအာဏာသိမ်းရန် ကြံစည် ခဲ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် ယခုအချိန်ထိ အထိန်းသိမ်း ခံထားရဆဲဖြစ်သည်။ ၎င်းသည် ယခုသီတင်းပါတ်အတွင်းက ယောက္ခမဖြစ်သူ ကွယ်လွန်မှု ဈာပန အခမ်းအနားသို့ စစ်တပ် အစောင့်အရှောက်ဖြင့် တက်ရောက်ခွင့် ရခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here