ရင်​သား​ကြီး​ထွား​အောင်​ ​အ​သုံး​ပြုသည့်​ပ​စ္စည်း​များ​ ​အ​န္တ​ရာယ်​ရှိ

alt

ရင်သားကြီးထွားအောင် ပုံဖော် ပြုပြင်ထားသည့် အမျိုးသမီး ထောင်ပေါင်း များစွာတို့သည် သူမတို့၏ ရင်သား အတွင်း ထည့်သွင်းထားသည့် အတုအပ ပစ္စည်းများကြောင့် အချိန်မရွေး အန္တရာယ် ရှိလာနိုင်ကြောင်း ပညာရှင်များက သတိပေး ပြောကြား လိုက်သည်။

ဗြိတိန်ရှိ ဆရာဝန်များက နိုင်ငံ အတွင်းရှိ ရင်သားကင်ဆာ ဖြစ်ပွားဖူးသူများ အပါအဝင် အမျိုးသမီး ငါးသောင်းကျော်သည် ရင်သားအတွင်း အတုအပ ပစ္စည်းများ ခွဲစိတ် ထည့်သွင်း ထားသော်လည်း လုံခြံုရေး အရ ပုံမှန်စစ်ဆေးမှု ခံယူရန် ပျက်ကွက်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ PIPမှ ထုတ်လုပ်သည့် ထိုးသွင်းပစ္စည်းတစ်မျိုးသည် ရင်သားအတွင်း ပေါက်ထွက်ခြင်းကဲ့သို့ အန္တရာယ်များ ရှိနေနိုင်ကြောင်း ဆရာဝန်များ စစ်ဆေး တွေ့ရှိပြီးနောက် ဗြိတိသျှ ပလပ်စတစ် ဆာဂျရီ ပညာရှင်များ အဖွဲ့ကြီးက အမျိုးသမီးများအား ရင်သားအတွင်း ထည့်သွင်းထားသည့် ပစ္စည်းများ၏ Brandကို ပြန်လည် စစ်ဆေးရန် အကြံပြုခဲ့သည်။

ရင်သားအတုအဖြစ် ထည့်သွင်းသည့် ထုတ်ကုန်များအနက် PIP သည် ဈေး အသက်သာဆုံးနှင့် ကမ္ဘာတလွှား လူသုံးအများဆုံး တံဆိပ် တစ်ခု အဖြစ်လည်း ရပ်တည်နေသည်။ PIP အား ထည့်သွင်းထားသည့် အမျိုးသမီးများသည် ခွဲစိတ်မှု ခံယူပြီး (၆) လ အကြာတွင် ရင်သားအတွင်းရှိ ပစ္စည်းတွင် ပေါက်ကွဲထွက်နိုင်သည့် အခြေအနေမျိုး ရှိမရှိကို တကျော့ပြန် X-Rayရိုက်ကာ စစ်ဆေးမှု ခံယူရန်လည်း ဆာရာဝန်များက တိုက်တွန်း ထားသည်။

PIP​ ၏ ကြံခိုင်မှု အနေအထားကို စစ်ဆေးပြီးနောက် အန္တရာယ် ရှိနိုင်သည့် ပုံစံမျိုး ဖြစ်နေပါက ပြန်လည် ဖယ်ရှား အစားထိုးသင့်ကြောင်းလည်း ဗြိတိသျှ ပလပ်စတစ် ဆာဂျရီ ပညာရှင်များ အဖွဲ့ကြီးမှ ဆရာဝန်များက အကြံပြု ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here