ခွေး​များ​ဝိုင်းဝန်း​ကိုက်​ခဲ​မှု​ ကြောင့်​ ​အ​မေ​ရိ​ကန်​​သေ​ဆုံး

alt

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုမှ အမျိုးသား တစ်ဦးသည် နေအိမ်တွင် မွေးထားသည့် ခွေးများက အချက် ပေါင်းရာနှင့်ချီ ဝိုင်းဝန်း ကိုက်ခဲမှုကြောင့် သေဆုံး သွားကြောင်း သိရသည်။

လိုရီယန်ခရိုင် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက အသက်(၃၀)အရွယ် မိုက်ကယ် ဝင်းတားသည် အိမ်ရှေ့ ရေကူးကန် နံဘေးတွင် သွေး အလူးလူးဖြင့် ဇွန်လ (၁၅) ရက်နေ့က လဲကျ သေဆုံးနေသည်ကို ဖခင်ဖြစ်သူက တွေ့မြင်သဖြင့် တိုင်ကြားခဲ့ကြောင်း ပြောဆို သွားသည်။ ဝင်းတား၏ ဖခင်က အဆိုပါ မြင်ကွင်းသည် ၎င်းအား အလွန် ထိတ်လန့် တုန်လှုပ်စေခဲ့ကြောင်း ဝန်ခံ ပြောကြားသွားခဲ့သည်။ ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ကိုရော်နာပေါမာတက်စ်က အဆိုပါ အိမ်တွင် ခွေး (၉) ကောင် မွေးထားပြီး မည်သည့် ခွေးများက ပိုင်ရှင်အား ကိုက်သတ်ခဲ့သည်ကို စစ်ဆေး နေဆဲဖြစ်ကြောင်း ပြောဆိုသွားသည်။

မာတက်စ်က ခွေးရူးပြန်ရောဂါကဲ့သို့ စိတ်အာရုံ ဖောက်ပြန်သွားသည့် ဝေဒနာမျိုး ခံစားရသည့် ခွေး တစ်ကောင် ကောင်၏လက်ချက် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပြီး ယခုအခါ ခွေးများကို ဆေးစစ်ထားဆဲဟုဆိုသည်။ ထို့အပြင် ဝင်းတားအား အသေ ကိုက်ခဲ့သော ခွေးများကို သိရှိပါကလည်း သုတ်သင်ရန် စီစဥ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here