​တ​ရုတ်​နိုင်ငံ​တွင်​ ​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​ကာ​ ​ရေ​လွှမ်း​မိုး​မှု​မျာ​ဖြစ်​ပွား

alt

တရုတ်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေ လွှမ်းမိုးမှုများကြောင့် လူ (၄၆) ဦး ထက်မနည်း သေဆုံး သွားကြောင်း သိရသည်။ တရုတ် တောင်ပိုင်းတွင် ပြီးခဲ့သည့် သီတင်းပါတ် ကတည်းက

အင်အားပြင်းထန်သည့် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း (၅၀) ကျော်မှာလည်း ပျောက်ဆုံး နေကြောင်း အာဏာပိုင်များက ဆိုသည်။ တာဝန်ရှိသူများသည် နိုင်ငံတောင်ပိုင်း ဒေသကြီး(၆)ခုတွင် ဆိုးရွားသော ရာသီဥတု အခြေအနေကြောင့် လူပေါင်း (၂၃၈၀၀၀) ကျော်ကို အရေးပေါ် ရွှေ့ပြောင်း ပေးထားရသည်။ ဘေဂျင်းမှ အဆိုပါ ဒေသများသို့ ပျံသန်းမည့် လေကြောင်း ခရီးစဥ် ရာနှင့်ချီမျှကိုလည်း မိုးကြိုး မုန်တိုင်းများ တိုက်ခတ် နေခြင်းကြောင့် ဖျက်သိမ်း လိုက်ရသည်။ မိုးသည်းထန်မှု၊ ရေလွှမ်းမိုးမှုများကြောင့် နေအိမ် အလုံးပေါင်း (၃၃၀၀၀) ကျော်မှာ ပျက်စီးမှု၊ ပြိုကျမှုများ ကြံုနေရပြီး ဖူဂျီအန်း၊ ဂွမ်ဒေါင်း၊ ဟူနန်၊ ဂျီအန်ဇီ၊ ဂွမ်ဇီနှင့် ဆီချွမ်တို့တွင် ရာသီဥတုဒဏ်ကို အဆိုးရွားဆုံး ခံနေရကြောင်း သိရသည်။

အဆိုပါ ဒေသတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေရဆဲဖြစ်ပြီး အမိုးများပေါ်တက်၍ ရေလွတ်ရာ ပုန်းခိုနေရသူ အမြောက်အမြားကိုလည်း ရှာဖွေ ကယ်တင်နေရဆဲဟု သိရှိရသည်။ အဆိုပါ ဒေသများမှ ရွှေ့ပြောင်းထွက်ပြေးလာသူ အများစုကို ယာယီ ရွက်ဖျင်တဲများဖြင့် နေရာချပေးထားကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here