က​မ္ဘာ့​ဖ​လား​ပွဲ​တွင်​ ​အ​သုံး​ပြု​သည့်​ ​ဂျာ​ဘူ​လာ​နီ​​ ဘောလုံး​အား​ ​အင်္ဂလန်​​ နည်း​ပြ​​ ဝေ​ဖန်​

alt

အင်္ဂလန် နည်းပြကြီး ဖေဘီယို ကာပယ်လိုက ကမ္ဘာ့ဖလား ဘောလုံး​ ပြိုင်ပွဲတွင် အသုံးပြုနေသော ဂျာဘူလာနီ ဘောလုံးသည် ပြိုင်ပွဲ​ တစ်ခုလုံး၏ ရသကို ဖျက်ဆီး​ ပစ်နေကြောင်း ရှုတ်ချ​ ပြောကြားလိုက်သည်။

ကမ္ဘာကျော် အားကစား​ ကုမ္ပဏီ Adidas​ က ထုတ်လုပ်သည့် ဘောလုံးနှင့် ပတ်သက်ပြီး ယခင်​ ကတည်းက ဝေဖန်မှုများ ရှိခဲ့သလို ယခုအခါ ကာပယ်လိုက ၎င်းတစ်သက် မြင်ဖူး​ သမျှ အစုတ်ပြတ်ဆုံး ဘောလုံးမျိုး​ ဖြစ်ကြောင်း ပြစ်တင်​ ပြောဆိုသွားသည်။ ကမ္ဘာ့​ ဘောလုံး အဖွဲ့ချုပ် (FIFA)​ ကမူ ဂျာဘူလာနီသည် သမိုင်း​ တလျှောက် တိကျမှု အရှိဆုံး ဘောလုံး​ အဖြစ် ကာကွယ်​ ပြောဆိုထားသည်။ ၎င်းဘောလုံး၏ ပေါ့ပ့ါးမှုကို ဘရာဇီးနှင့် စပိန်ကဲ့သို့ ကမ္ဘာ့ထိပ်တန်း အသင်းများမှ ကစားသမားများကလည်း ဝေဖန်​ ထားသည်။ သို့သော်လည်း အုပ်စုပွဲ​ ဦးထွက်တွင် ဩစတြေးလျအား (၄-၀)​ ဖြင့် ခြေစွမ်းပြ အနိုင်ရခဲ့သော ဂျာမနီ​ အသင်းကမူ ဂျာဘူလာနီသည် အလွန်​ ကောင်းမွန်သော ဘောလုံး​ ဖြစ်ကြောင်း ချီးကျူးခဲ့သည်။

အင်္ဂလန်နည်းပြ ကာပယ်လိုကမူ Adidas​ သည် ဂျာမန်​ ဘွန်းဒစ်လီဂါ ဘောလုံးပွဲများတွင် ယင်း​ ဘောလုံးအား ကြာမြင့်စွာ စမ်းသပ်​ သုံးစွဲခဲ့ခြင်းကြောင့် ဂျာမနီအသင်းနှင့် အသားတကျ ရှိနေခြင်းဟု ဝေဖန်ခဲ့သည်။ Adidas​ အားကစား ကုမ္ပဏီက ၎င်းတို့သည် ဂျာဘူလာနီကို တီထွင်ရန် နှစ်နှင့်ချီ အချိန်​ ယူခဲ့ရကြောင်း ကြေညာ​ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here