ခပ်ဝေးဝေးက ပုံုရိပ်ဝါး

ဆောင်းပါး သရုပ်ဖေါ် © မင်း​ကျော်

ဟိုုတစ်စုု၊ ဒီတစ်စုုနဲ့ လူတွေကတော့ တရုံုးရုံုးနဲ့ဘဲ။ ပူပြင်း ခြောက်သွေ့တဲ့ နေရောင်အောက်မှာ

စားစ ရာမဲ့လိုု့ ရေဘူးကိုု ရင်ခွင်ပိုုက် အသက်ဆက် နေရသူတွေ လားလေ…။

ဒါတင်ဘဲလားဗျာ။ နေစရာမရှိလုုိ့ နေရောင်ပူပြင်းပြင်းအောက်မှာ ရွက်ဖျင်တဲထုုိးလိုု့ … ။

စားစရာဆိုုလိုု့ ထမင်းဖြူဖြူကိုု ရေနဲ့သာ မြိန်ရည်ရှက်ရည်စားနေတဲ့ အဖိုုးအုုိရဲ့မျက်ဝန်းမှာ အားငယ် မှုတွေ၊ စိုုးရွံ့မှုတွေအပြည့်နဲ့ပေါ့။

ပုုခုံုးပေါ်က ဘားတစ်ခုုနဲ့ အရပ်ရှည်ရှည်၊ ဂိုုက်ကောင်းကောင်းနဲ့ လူကတော့ သူတုုိ့တွေရဲ့ ရှေ့တည့် တည့်မှာ အခန့်သားထိုုင်လုုိ့။ လူတုုိင်းကိုု အပေါ်စီးကနေ ကြည့်နေတဲ့ သူ့ရဲ့အကြည့်က တကယ်တော့ လူသား ချင်းမစာနာ၊ လူကို လူရယ်လုုိ့တောင် မထင်တော့ သယောင်ပါဘဲ။ ပုုခုံုးပေါ်က ဘားကလေးက ဒီ လောက်တောင်များ အားအင်တွေ ဖြည့်ဆည်းပေးနုုိင်တယ်တဲ့လား။

ကျွီ …

အခန်းတံခါးဖွင်သံနဲ့အတူ မျက်လွှာကိုု အောက်ချ၊ ခပ်ယိုု့ယိုု့နဲ့ ထွက်လာသူကိုု ကြည့်ပြန်တော့ လည်း အားပြတ်တော့မယောင်ယောင် အသွင်နဲ့ပေါ့။ ခပ်ယိုု့ယုုိ့နဲ့ ရင်တွင်းဆန္ဒ ပူပြင်းကြောင့်လားမသိ နေပူ ပူမှာ ပြန်သွားတဲ့သူ့အသွင်က ပူလုုိ့ ပူမှန်းတောင် သတိမထားမိတော့ လောက်အောင်ပါဘဲ။

မျှော်လင့်ချက်တွေကိုုများ ဖြည့်ဆည်း ပေးနုုိင် မလားဆိုုတဲ့ အသိတွေနဲ့ ရောက်လာသူတွေပေ့ါ။

အားလုံုးရဲ့ မျှော်လင့်ချက်က ဂိတ်ပေါက်မှာတင် ကုုန်ဆုံုးရတော့မလားဘဲနော်။

ပုုခုံုးပေါ်က အခက်တွေ၊ အပွင့်တွေနဲ့ လူသားတွေရဲ့ ထီမထင် လူမမြင်တော့လောက်အောင် မောက်မာမှုနဲ့ စစ်ဆေးခံနေရပုုံများ လူသားတိုုင်းဟာ အပြစ်ရှိနေသယောင်ယောင်ပါဘဲ။ တစ်ခါတစ်ရံ အော် ငေါက်နေတာများ စစ်တပ် အလားဆိုုရလောက်အောင်ပါဘဲ။

တကယ်တော့…ခုုနက မြင်ကွင်းတွေဟာ အိန္ဒိယနုုိင်ငံ နယူးဒေလီမြို့က ကုုလသမဂ္ဂဆိုုင်ရာ ဒုုက္ခသည်များ ဆိုုင်ရာ မဟာမင်းကြီးရုံုးပါဘဲ။ အဲဒီ့ထဲမှာ မြန်မာ တုုိင်းရင်းသားတွေ အပြင် အာဖဂန်နစ္စတန်၊ တိဘတ် စတဲ့ တုုိင်းပြည်တွေက ဒုုက္ခသည်တွေလည်း ရှိနေပါတယ်။

အမိမြေရဲ့ စနစ်ဆိုုး၊ အုုပ်ချုပ်မှု ဆိုုး၊ အခြေအနေဆိုုုးတွေကြောင့် တုုိင်းတပါးမှာလာပြီး ဒုုက္ခသည်အ ဖြစ် ခိုုလှုံ့နေကြရသူတွေပါ။ မြန်မာစစ်အစိုုးရရဲ့ ဘက်ပေါင်းစုံုက ဖိနှိပ်မှုအောက်ကနေ လွတ်မြောက်လိုု လွတ် မြောက်ခြင်းဌာန တစ်ခြားနုုိ်င်ငံတစ်ခုုကိုု ဒုုက္ခသည် အနေနဲ့ ခိုုလှုံ နေကြရသူတွေပါ။

မြန်မာဒုုက္ခသည်တွေ အနေနဲ့ လူတန်းစားခွဲမှုရှိနေသေးတဲ့ အိန္ဒိယနုုိင်ငံကုုိ ရောက်လာခြင်းဟာ တကယ်တော့ ရောက်သင့်ရောက်ထိုုက်တဲ့နေရာတစ်ခုုတော့ မဟုုတ်ပါဘူး။ အိန္ဒိယနုုိင်ငံသားအချင်းချင်း တောင် လူတန်းစားခွဲခြားမှုတွေ ရှိနေသေးတဲ့ အချိန်မှာ မြန်မာဒုုက္ခသည်တွေ ရောက်လာခြင်းဟာ တကယ် တော့ ငရဲကြီးကနေ ငရဲလေးကိုု ရောက်လာတဲ့ အဆင့်အနေအထားလိုု့တောင် ပြောရမလိုုပါ။

ဒုုက္ခသည် အနေနဲ့ ရောက်လာပြီး နေစရာ၊ စားစရာအတွက် ပင်ပန်းတကြီး လုုပ်ကိုုင်နေကြရသလိုု ၁ဝ ပေ ပတ်လည်အခန်းကျဉ်းလေးထဲမှာ မိသားစုုတွေ တပြံုတမနဲ့ ကျပ်ကျပ်တည်းတည်းနေနေကြရပါ တယ်။ ဟုုိးအရင် ရေနံမြေသပိတ်တုုန်းက ရေနံလုုပ်သားတွေလိုု မီးမလာ ရေပြတ် ၁ဝ ပေသာသာ အခန်း ကျဉ်းကလေးထဲမှာ နေခဲ့ကြရတဲ့ ရေနံမြေက လူတွေလုုိပါဘဲ။ နယူးဒေလီလိုု အထက်က ပူ၊ အောက်က ပူနဲ့ အခန်းကျဉ်းလေးထဲ တိုုးဝှေ့နေကြရတဲ့ မြန်မာဒုုက္ခသည်တွေအဖြစ်ဟာ တကယ်တော့ ကယ်တင်ရာမဲ့နေသူ တွေပါ။

ကယ်တင်ရာ တစ်ခုုလိုု သဘောထားပြီး အားကိုုးတကြီးနဲ့ သွားသွားနေရတဲ့နေရာကတော့ ခုုနက ပြောခဲ့တဲ့ ဒုုက္ခသည်များဆုုိင်ရာ မဟာမင်းကြီးရုံုး (ယူအမ်အိတ်ချ်စီအာ) ပေါ့။

ဒါပေမဲ့လည်း မြန်မာမှန်ရင် တခြားနုုိင်ငံသားဒုုက္ခသည်တွေထက် ချိုးနှိမ်ချင်ကြတဲ့ အိန္ဒိယနုုိင်ငံသား ဝန်ထမ်းတွေရဲ့ လူမတန်တဲ့ဆက်ဆံမှုကတော့ တမျိုးတဖုံု နှိပ်စက်နေတုုန်းပါဘဲ။ သူတင်ဘဲလားဆုုိတော့ မဟုုတ်ပါဘူး။ ဒုုက္ခသည်အဖြစ် နေထိုုင်နေကြတဲ့ မြန်မာနုုိင်ငံသားတွေကိုု အိန္ဒိယနုုိင်ငံအနေအထားနဲ့ ပြောရ ရင် အနိမ့်ဆုံုး အဆင့်ဖြစ်တဲ့ ကုုလားလူမျိုးတွေက နီပေါနုုိင်ငံက လာတဲ့ ဒုုက္ခသည်တွေကိုု ခေါ်ဆိုုလေ့ရှိတဲ့ နီပါလီးလ် ဆိုုတဲ့ စကားကုုိ မြန်မာ လူမျိုးတွေကိုု ခေါ်ဆုုိလေ့ရှိပါတယ်။

ဒီ နီပါလီးလ်ဆိုုတဲ့စကားဖြစ်ပေါ်လာခြင်းဟာ အိန္ဒိယနုုိင်ငံက အောက်တန်း အကျဆုံုး အလုုပ်တွေကိုု နီပေါ နုုိင်ငံသားတွေက လုုပ်ကိုုင် ကြလေ့ရှိပါတယ်။ ဒီလိုုမျိုး နီပေါ နုုိင်ငံသားတွေကိုု အောက်တန်းစားဆိုုပြီး ခေါ်ဆိုုလေ့ရှိတဲ့စကားကိုု မြန်မာတွေကိုုလည်း ခေါ်ဆိုုခြင်း ဖြစ်ပါတယ်။

မြန်မာ နိုုင်ငံသား ဒုုက္ခသည်တွေအနေနဲ့ ယူအမ်အိတ်ချ်စီအာရဲ့ ထောက်ခံမှုနဲ့ ဒုုက္ခသည် ဖြစ်ကြောင်း အသိအမှတ်ပြု လက်မှတ်ကိုု ရနိုုင်ပေမယ့်လည်း မိမိ ဘဝ ရပ်တည်ရေး အတွက်ကတော့ မိမိကိုုယ်တိုုင် ရုုန်း ကန်နေကြရပါတယ်။ သူတပါးနုုိင်ငံမှာ ဘာသာစကား အခက်အခဲ၊ နေထုုိင်ရန်အတွက် အခက်အခဲ၊ စားဝတ် နေရေးအတွက် အခက်အခဲ စတဲ့အခက်အခဲတွေနဲ့ တစ်နေ့ပြီး တစ်နေ့ ရုုန်းကန်နေကြရတာဟာ မြန်မာပြည် ထက်တောင် ဆိုုးဝါးပါသေးတယ်။

အိန္ဒိယနုုိင်ငံသားတွေရဲ့ ဖိနှိပ်မှု၊ ဘာသာစကား မကျွမ်းကျင်မှုနဲ့ လူမှု အဆင့်အတန်းချင်းကွာခြားမှု တွေက တကယ်တော့ မြန်မာလူမျိုး ဒုုက္ခသည်တွေ အတွက် အပြင်းထန်ဆုံုးသော ရိုုက်ခက်မှုတွေပါဘဲ။

တတိယနုုိင်ငံဆိုုတဲ့ မျှော်လင့်ချက်နဲ့ အသက်ယဲ့ယဲ့ဆက်နေရတဲ့ မြန်မာ ဒုုက္ခသည်တွေ အတွက် မျှော်လင့်ချက် ဆိုုတာကလည်း ခပ်ပါးပါးရယ်ပါ။ လက်သင့်ရာ ပြေလည်နေကြတဲ့ မြန်မာလူထုရဲ့ ပုံစံအတိုင်းဘဲ မြန်မာ ဒုုက္ခသည်တွေ အတွက် ကူညီနေကြတဲ့ အဖွဲ့အစည်းတွေမှာလည်း ဒါမျိုးတွေက အများသားရယ်ပါ။

ဒုုက္ခသည်ချင်းအတူတူ တတိယနုုိင်ငံသွားရပါစေဟဲ့ဆုုိပြီး မဟုုတ်တမ်းတရားတွေပြောပြ၊ တင်ပြပြီး သွားလာ နေကြတဲ့သူတွေရှိခဲ့သလိုု၊ ရှိနေသလိုု တကယ်တမ်း ဒုုက္ခရောက် နေရတာမှန်ပေမယ့် ရိုုးအတဲ့အ တွက်ကြောင့် နှစ်ပေါင်း ၁ဝ စုနှစ်နီးပါးနေနေရသေးတဲ့ ဒုုက္ခသည်တွေလည်း ရှိနေပါသေးတယ်။

ဒီလိုုမျိုးဖြစ်ပျက်သမျှတွေကိုု စေ့စေ့တွေး ရေးရေးမြင်မိတာကတော့ ဘယ်နေရာ ဘဲရောက်ရောက် စနစ်ဆိုုးတွေ ရှိတယ်ဆုုိတာဘဲ။ မြန်မာပြည်ရဲ့ ပြည်သူတွေအပေါ် ဖြစ်ချင်သလိုု ဖြစ်ဆိုုပြီး ရက်ရက်စက်စက် နှိပ်စက်နေတဲ့ စစ်အာဏာရှင် စနစ် ဆိုုးကြီးရှိသလိုု ကိုုယ့်ကိုုယ် အားကိုုးလိုု့ ဒုုက္ခသည် အဖြစ် ဝင်ရောက်လာတဲ့ အိန္ဒိယ နိုုင်ငံမှာလည်း လူတန်းစား ခွဲခြားမှုဆိုုတဲ့ စနစ်ဆိုုးကြီးက ကြိုဆိုုနေတုုန်းပါဘဲ။

ဒါကြောင့် စစ်မှန်တဲ့ ဘဝတွေကိုု ပိုုင်ဆုုိင်ဖိုု့အတွက် ဘယ်လောက် ထိအောင်များ ထပ်ပြီး ပေးဆပ်ကြ ရဦးမလဲ ဆိုုတာကတော့ ခပ်ဝေးဝေးမှာမြင်နေရတဲ့ မှုန်ဝါးဝါး အရိပ် တစ်ခုုရယ်ပါ …။

ထွန်းတောက်နေ

LEAVE A REPLY

Please enter your comment!
Please enter your name here