ပုံ​မှန်​​ လိင်​​ ဆက်​ဆံ​ခြင်း​သည်​​ ကျန်း​မာ​ရေး ကောင်း​မွန်​စေ​

alt

တစ်​ပါတ်​လျင် နှစ်​ကြိမ်​မျှ​​ လိင်​ ဆက်​ဆံ​ခြင်း​သည်​ အ​မျိုး​သား​ များ​အား​​ ကျန်း​မာ​ရေး ကောင်း​မွန်​စေ​ကြောင်း​ ပ​ညာ​ရှင်​များ​က ​ထောက်​ခံ​ ပြော​ဆို​လိုက်​သည်​။​

တစ်​ပါတ်​လျင် နှစ်​ကြိ​မ်​မျှ​​ ပုံ​မှန်​ လိင်​မှု​မှီ​ဝဲ​ ပေး​ခြင်း​သည်​ အ​မျိုး​သား​များ​တွင် အ​သက်​ကို ​ခြိမ်း​ခြောက်​ နိုင်​လောက်​သည့်​ နှ​လုံး​ ဖောက်​ပြန်​မှု​မျိုး​ဖြစ်​နိုင်​ခြေ​ကို ပျမ်း​မျှ (​၄၅)​ ရာ​ခိုင်​နှုန်း​ထိ​ ကျ​ဆင်း​ စေ​ကြောင်း​ အ​မေ​ရိ​ကန်​ သု​တေ​သီ​များ​က ပြော​ကြား​ခဲ့​သည်​။​ အ​ရွယ်​ရောက်​ပြီး အ​မျိုး​သား​(​၁၀၀၀)​ ကျော်​၏​ မှတ်​တမ်း​များ​ အ​ရ ပျော်​ရွှင်​သော​ လိင်​မှု​မှီ​ဝဲ​ခြင်း​သည်​ စိတ်​ပိုင်း​ရော​၊​ ရုပ်​ပိုင်း​ပါ ကျန်း​မာ​စေ​ပြီး​ နှ​လုံး​ရော​ဂါ​ ကဲ့​သို့​ အ​ကြီး​စား​ ရော​ဂါ​မျိုး​များ​ကို ဖြစ်​နိုင်​ ခြေ​လျော့​ ပါး​စေ​ကြောင်း​ သု​တေ​သီ​များ​က​ ထောက်​ခံ​ခဲ့​သည်​။​

အ​သက်(​၁၆)​နှစ်​နှင့်​ အ​ထက် အ​မျိုး​သား​များ​ အ​နေ​နှင့်​လိင်​မှု​ ကိ​စ္စ​မှီ​ဝဲ​ခြင်း​သည်​ နှ​လုံး​အ​ပေါ် လှုံ့​ဆော်​ပေး​နိုင်​ပြီး​ ကျန်း​မာ​ သန်​စွမ်း​ စေ​နိုင်​ကြောင်း​ သိ​ရ​သည်​။ မက်​ဆာ​ချူး​ဆက်​ရှိ​ န​ယူး​အ​င်္ဂလန်​ သု​တေ​သ​န​ဌာ​န​သည်​ အ​သက်(​၄၀)​မှ​(​၇၀)​ကြား အ​မျိုး​သား​များ​၏​ နှ​လုံး​ဆိုင်​ရာ​ကျန်း​မာ​ရေး​ စစ်​တမ်း​များ​ကို​ စ​နစ်​တ​ကျ လေ့​လာ​ခဲ့​ပြီး​နောက်​ လိင်​ ဆက်​ဆံ​ခြင်း​သည်​ အ​သက်​အ​ရွယ်​ ကြီး​ရင့်​လာ​သည်​နှင့်​ အ​မျှ ဖြစ်​နိုင်​ခြေ ​ကြီး​ထွား​လာ​သည့်​ ကိုယ်​အ​လေး​ချိန်​တိုး​လာ​ခြင်း​၊​ သွေး​တိုး​ခြင်း​နှင့် ကို​လက်​စ​ထ​ရော​ပ​မာ​ဏ​ မြင့်​တက်​လာ​ခြင်း​တို့​ကို​ တား​ဆီး​ပေး​ကြောင်း​လည်း ဖော်​ထုတ်​တွေ့​ရှိ​ခဲ့​သည်​။​

လိင်​မှု​ မှီ​ဝဲ​ရန်​ စိတ်​အား​ ထက်​သန်​သော ​အ​မျိုး​သား​များ​သည် ဆ​န္ဒ​ရှိ​သည့်​ အ​တိုင်း​ လိင်​ ဆက်​ဆံ​ခွင့်​ ရ​ရှိ​ပါ​က​ နှ​လုံး​ရော​ဂါ​နှင့် ဆက်​စပ်​နေ​သည့်​ စိတ်​ဖိ​စီး​မှု​နှင့်​လူ​မှု​ ဆက်​ဆံ​ရေး​တွင်​ မ​ပြေ​လည်​မှု အ​တိုင်း​ အ​တာ​များ​ပါ​ လျော့​ကျ​ သွား​ကြောင်း​ သု​တေ​သီ​များ​က ​ပြော​ဆို​ သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here