​ဗြိ​တိန်​ရေ​အိုင်ငယ်​တစ်​ခု​အ​တွင်း​မှ ​ ​သား​စားငါး​ဖမ်း​မိ

alt

ဗြိတိန်မှ အပျော်တမ်း ငါးဖမ်း သမား တစ်ဦးသည် နိုင်ငံ အတွင်းရှိ ရေအိုင်ငယ်လေး တစ်ခု အတွင်းမှ သားစား ပရန်းညား ငါးတစ်ကောင်အား ဖမ်းဆီး ရမိခဲ့သဖြင့် အကြီးအကျယ် အံ့အားသင့် ခဲ့ကြောင်း ပြောကြားသွားသည်။

ဒါရက်ပလမ်းက ကန့်ဒေသအတွင်း ၎င်း ဖမ်းမိလာသည့် ရက်စက် ကြမ်းကြုတ်ပြီး သားစားကြူးသော ငါးမျိုးသည် မိုင်ပေါင်း ထောင်ချီ ဝေးကွာသည့် အာဖရိကတိုက် အမေဇုန် မြစ်အတွင်းသာ နေထိုင် ကျက်စား လေ့ရှိကြောင်း ပြောဆိုခဲ့သည်။ လန်ဒန်မြို့မှ မိုင်(၇၀)မျှ အကွာတွင် ယခုငါးအား ဖမ်းမိခဲ့ခြင်းမှာ နားမလည် နိုင်စရာဖြစ်ကြောင်း ဒါရက်ကဆိုသည်။ ဇီဝဗေဒ ပညာရှင်များကလည်း ဒါရက်ဖမ်းမိလာသည့် ငါးမျိုးမှာ ဝမ်းဗိုက်နီ ပရန်းညား ငါးမျိုး​ ဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ယင်းသည် အခြားသော ရေနေ​ သတ္တဝါများ၊ အင်းဆက်ပိုးများနှင့် တီကောင်များကို စားလေ့ရှိသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး လေ့လာသူများကမူ ပရန်းညားငါးကို အလှမွေးထားသူ တစ်ဦးဦးသည် အကောင်ကြီးလာချိန်တွင် ၎င်း၏​ ကန်နှင့် မဆံ့တော့သည့်​ အတွက် ရေကန်​ အတွင်း လာပစ်ထားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။ သို့သော်လည်း ယခု​ ကိစ္စသည် မလုပ်သင့်သော အပြုအမူ​ ဖြစ်ကြောင်း၊ ချွန်မြ​ ထက်မြေ့နေသည့် သွားများရှိသော အဆိုပါ သားစားငါးများသည် မူရင်း​ ငါးမျိုးစိတ်များ​ အတွက် အကြီးအကျယ် အန္တရာယ် ကျရောက်​ သွားစေ​ နိုင်ကြောင်း ပညာရှင်များက မှတ်ချက်​ ပြုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here