​မို​ဘိုင်း​ကိ​ရိ​ယာ​များ​အ​တွက်​ OS​​ အ​သစ်​ Microsoft​ ​စ​တင်​မိတ်​ဆက်

alt

Microsoft​ ကုမ္ပဏီသည် မိုဘိုင်း ကိရိယာများ အတွက် OS​ အသစ်ကို စတင် မိတ်ဆက် လိုက်ကြောင်း သိရသည်။ Windows Mobile 6.5​ ကို အခြေခံ ထားသည့် OS​ အသစ် Windows Mobile 7​ ကို

(၂၀၁၁)  ခုနှစ်တွင် တရားဝင် ထုတ်လုပ်သွားရန် Microsoft က စီစဥ်ထားသည်။ Microsoft ၏ အမှုဆောင် အရာရှိချုပ် စတိဘယ်မာက ယင်း OS ပါဝင်သည့် Motorola ဖုန်း အမျိုးအစားသစ်ကို ဇွန်လ (၁၇) ရက်နေ့က စတင် ထုတ်ဝေ လိုက်ကြောင်း ပြောကြား သွားသည်။ မိမိတို့ အနေနှင့် OS အသစ်ကို လာမည့် (၆) လတွင် တွင်ကျယ်စွာ ဖြန့်ဝေ သွားရန် ရည်ရွယ်ထားပြီး (၂၀၁၁) ဒုတိယ နှစ်ဝက်တွင် Windows Phone 7 နည်းပညာကို ဖြန့်ချီ သွားနိုင်ရန် စီစဥ် ထားကြောင်း ဘယ်မာက ဆိုသည်။ Microsoft သ

ည် အသစ်ထုတ်လိုက်သော Motorola ES400ဖုန်းတွင် Windows Mobile 6.5.3 ကို အခြေခံ တီထွင်ထားသည့် OS နည်းပညာကို စတင် သုံးစွဲထားကြောင်း ကြေညာခဲ့သည်။ ယခုနည်းပညာသည် သုံးစွဲသူများ အတွက် ပိုမိုအဆင်ပြေ လွယ်ကူအောင် ချဥ်းကပ် တီထွင်ထားကြောင်း ဘယ်မာက ရှင်းပြခဲ့သည်။

ကမ္ဘာ့ကွန်ပျူတာ အများစု၏ OS ဈေးကွက်ကို ချုပ်ကိုင်ထားသော Microsoft သည် မိုဘိုင်းဖုန်းများ အတွက် OSနည်းပညာ ကဏ္ဍတွင်လည်း ပိုမိုထိုးဖောက် နေရာယူရန် ကြိုးပမ်းလျက်ရှိသည်။ အထူးသဖြင့် Microsoft ၏ နည်းပညာ ပြိုင်ဖက်များ ဖြစ်သည့် Google​ ၏ Chrome​ နှင့် Apple​ ၏ iPhone OS​ တို့အား ယှဥ်ပြိုင်ရန် Microsoft​ က အားစိုက်နေခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here