​နိုင်ငံ​တွင်း​​ ဝင်​ရောက်​လာ​သည့်​ ​ဒု​က္ခ​သည်​များ​အား​ ​လွတ်​ငြိမ်း​​ ချမ်း​သာ​ခွင့်​ပေး​ရန်​ ​မ​လေး​ရှား​​ အ​စိုး​ရ​ကို​ ​တောင်း​ဆို

alt

မလေးရှား အာဏာပိုင်များ အနေနှင့် နိုင်ငံအတွင်း ဝင်ရောက်လာသည့် ဒုက္ခသည်များကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးသင့်ကြောင်း တောင်းဆိုမှုများကို ရင်ဆိုင်နေရသည်။

မလေးရှား နိုင်ငံသို့ ဒုက္ခသည်အဖြစ် ဝင်ရောက် လာသူများအနက် အများစုသည် ဒေသတွင်းရှိ မြန်မာ နိုင်ငံ  မှဖြစ်သည်။ ကမ္ဘာ့ဒုက္ခသည်နေ့ အဖြစ် သတ်မှတ်ထားသည့် ဇွန်လ (၂၀) ရက်နေ့ မတိုင်မီ နိုင်ငံတကာ ဒုက္ခသည်နှင့် ရွှေ့ပြောင်း အလုပ်သမားများ လွတ်ငြိမ်းခွင့် ကော်မရှင် အကြီးအကဲ ခရစ်နက်ရှ်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မလေးရှား နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ဒုက္ခသည်များ အနေနှင့် နိုင်ငံ အတွင်း နေထိုင်ရန် မလေးရှား အစိုးရက ခွင့်ပြုသင့်ကြောင်း၊ ၎င်းတို့ကို တရားဝင် ID ကတ်များ ထုတ်ပေးပြီး အလုပ်လုပ်ခွင့် ပေးသင့်ကြောင်း ပါရှိသည်။

မလေးရှား လူဝင်မှု ကြီးကြပ်ရေး ရဲများသည် တရားမဝင် ဝင်ရောက်လာသူများကို လိုက်လံရှာဖွေ ဖမ်းဆီးရာတွင် နာမည်ဆိုးဖြင့် ကျော်ကြားပြီး ကြိမ်ဒဏ်၊ ပြည်နှင်ဒဏ်များ ချမှတ်သည့် အပြင် မူလ နိုင်ငံသို့ ပြန်ပို့မှုများလည်း ပြုလုပ်လေ့ရှိသည်။ ဖေဖော်ဝါရီလ အတွင်းက မလေးရှား ပြည်တွင်းလုံခြံုရေးဌာန အတွင်းရေးမှူး ဟီရှာမူဒင်ဟူစိန်က ကုလသမဂ္ဂ အသိအမှတ်ပြု ဒုက္ခသည်များအား ID ကတ်များ ထုတ်ပေးရန် အဆိုပြုခဲ့သေးသည်။ ယင်းက ဒုက္ခသည်များအား အချို့သော အလုပ်အကိုင် နေရာများတွင် ဝင်ရောက် လုပ်ကိုင်ရန် ခွင့်ပြု သင့်သော်လည်း အခွင့်အရေး အပြည့်အဝ မပေးရန် ကန့်သတ် ထားသင့်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံအတွင်းရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများကမူ အစိုးရ အနေနှင့် UNHCRကဲ့သို့ NGOများနှင့် မလေးရှား လူဝင်မှု ကြီးကြပ်ရေး ရဲများကြား ပိုမို ပူးပေါင်း ဆောင်ရွက်သွားရန် စီစဥ် ပေးသင့်ကြောင်း တိုက်တွန်း ထားသည်။

မလေးရှားတွင် UNHCR ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် ဒုက္ခသည် ရှာဖွေ ဖမ်းဆီးသူများ အပါအဝင် ပြောင်းရွှေ့လုပ်သားနှင့် ဒုက္ခသည်များအား ရှာဖွေနေသူများမှာ မှတ်ပုံတင်အရ (၈၂၄၀၀) မျှ ရှိသော်လည်း အမှန်တကယ် ပမာဏမှာ ထိုထက် နှစ်ဆ ပိုဖွယ် ရှိကြောင်း သိရသည်။ မလေးရှားသို့ ရောက်ရှိ လာသည့် ဒုက္ခသည်များ အနက် (၉၀) ရာခိုင်နှုန်းသည် စစ်အစိုးရ အုပ်ချုပ်မှုအောက် ကျရောက် နေသည့် မြန်မာ နိုင်ငံမှ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here