​မက်​ဒေါ​နား​ခင်​ပွန်း​ဟောင်း​ ​ဂိုင်းရစ်​ချီနှင့်​ ​မော်​ဒယ်လ်​ တစ်ဦး​ ​ဇာတ်​လမ်း​ဖြစ်

alt

မက်ဒေါနား၏ ခင်ပွန်းဟောင်း ဗြိတိသျှ ရုပ်ရှင် ဒါရိုက်တာ ဂိုင်းရစ်ချီသည် Sony​ ကုမ္ပဏီမှ ထုတ်လုပ်သည့် PS3​ ဂိမ်းစက် အတွက် တီထွင် ထားသည့် ဂိမ်းခွေ အတွင်းမှ အမျိုးသမီးနှင့် ချစ်ကြိုက် နေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

အသက်(၂၈)နှစ်ရှိ မော်ဒယ်လ် တစ်ဦးဖြစ်သူ ဂျက်ကွီ  အန်စလီသည် နာမည်ကျော် Heavy Rain ဂိမ်း အခွေအတွင်း ပါဝင်သည့် ညှို့ အားပြင်း ဇာတ်ကောင် အမျိုးသမီး ဖြစ်သည့် မေဒီဆင်ပင်ဂီ၏ ပုံရိပ်ကို 3D ဖြင့် ပုံဖော်ရာတွင် အကူအညီ ရစေရန် ဂိမ်း ကုမ္ပဏီ ပညာရှင်များအား သူမ၏ အဝတ်အစားများ ချွတ်ပြကာ ခန္ဓာကိုယ် အချိုးအစားကို ရုပ်လုံးဖော် ရယူစေရန် ငှားရမ်းခြင်း ခံခဲ့ရဖူးသည်။ PS3မှ အတွင်းလူ တစ်ဦးက ဂျက်ကွီသည် ဂိမ်း အတွင်း ဖန်တီး ထားသည့် ဇာတ်ကောင် အတွက် လှုပ်ရှားမှုနှင့် ခန္ဓာကိုယ် အချိုးအစားမှအစ အရာခပ်သိမ်း ဆင်တူစေရန် ကူညီ ဖူးကြောင်း ပြောကြားခဲ့သည်။

ယခု သီတင်းပါတ် အတွင်း သူမကို နာမည်ကျော် ဒါရိုက်တာ၏ လန်ဒန်မြို့ နေအိမ်ရှေ့တွင် ညဝတ် အင်္ကျီဖြင့် တွေ့မြင် ခဲ့ရကြောင်း မျက်မြင် အချို့ကဆိုသည်။ သူမနှင့် အတူ ရစ်ချီလည်း ရှိနေပြီး ယင်းတို့ စုံတွဲသည် အလွန် အဖြစ်သည်း နေကြောင်း သတင်းများက မျက်မြင်များ၏ အဆိုကို ကိုးကားပြီး ဖော်ပြ သွားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here