ဘ​ရူ​နိုင်း​စော်​ဘွား​နှင့်​ TV3 သတင်း​ထောက်​​ ဇ​နီး​သည်​တို့​ ​ကွာ​ရှင်း​ကြောင်း​​ အ​တည်​ပြု

alt

ဘရူနိုင်း နိုင်ငံ၏ ဆူလတန် စော်ဘွားသည် ယခင်​ ​မ​လေး​ရှား TV3 သတင်းထောက်အား ကွာရှင်း လိုက်ကြောင်း အတည်ပြု ကြေညာ လိုက်သည်။

အက်စရီနက်မက်ဇာ ဟာကင်သည် ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်များ အနက် တစ်ဦးအဖြစ် စာရင်းဝင်သော ဘရူနိုင်း စော်ဘွား ဟာဆန်နယ် ဘိုကီအာနှင့် (၅) နှစ်ကြာ ပေါင်းသင်းခဲ့သည်။ (၂၀၀၅) ခုနှစ်က စော်ဘွား၏ မိဖုရားမြှောက်ခြင်းကို ခံခဲ့ရသည့် အက်စရီနက်သည် လက်ထပ်ပြီး တစ်နှစ် မပြည့်မီမှာပင် စော်ဘွားကြီး၏ (၁၁) ဦး မြောက် ကလေး အဖြစ် သားငယ် တစ်ဦးကို ဖွားမြင် ပေးခဲ့ပြီး (၂၀၀၈) ခုနှစ်တွင်မူ သမီး မိန်းကလေး တစ်ဦး မွေးဖွားပေးခဲ့သည်။

ဘရူနိုင်း နန်းတော်၏ ကြေညာချက်ကို အစိုးရ ရုပ်မြင်သံကြားနှင့် အသံလွှင့် ဌာနများက ဇူလိုင်လ (၁၆) ရက်နေ့ ညပိုင်းတွင် ဖော်ပြ ခဲ့ပြီး စော်ဘွားသည် အက်စရီနက်အား ကွာရှင်း လိုက်ကြောင်းနှင့် သူမအား ပေးအပ် ချီးမြှင့်ထားသည့် တော်ဝင်ဘွဲ့ထူး အားလုံးကို ရုတ်သိမ်း လိုက်ပြီ ဖြစ်ကြောင်း ဖော်ပြ ထားခဲ့သည်။ ဘရူနိုင်း နန်းတော်သည် ကွာရှင်းမှုနှင့် ပတ်သက်သော အခြား အချက်အလက်များကို ကြေညာခြင်း မရှိခဲ့ဟုလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here