အင်​ဒို​နီး​ရှား​တွင်​ ​ပြင်း​ထန်​သော​င​လျင်​​ တစ်​ခု​​ လှုပ်​

alt

အင်​ဒို​နီး​ရှား​​ နိုင်ငံ​တွင် အင်​အား​ ​ပြင်း​ထန်​သော​​ င​လျင်​တစ်​ခု​​ လှုပ်​ရှား​​ သွား​ရာ​​ လူ​ (​၃)​ ဦး​​ သေ​ဆုံး​ပြီး တိုက်​တာ​ အ​ဆောက်​အ​အုံ​ အ​ချို့​ပြို​ကျ​ခဲ့​ကြောင်း​ သိ​ရ​သည်​။​

ဇွန်​လ (​၁၆) ရက်​နေ့ နံ​နက်​ပိုင်း​က​အင်​အား​အ​ဆင့်​(​၇.​၀)​ရှိ​သော​ င​လျင်​တစ်​ခု​မှာ​ မြောက်​ပိုင်း​ ပါ​ပူ​အာ ကမ်း​ခြေ​မှ​ (​၁၂၅) ​မိုင်​အ​ကွာ​ပင်​လယ်​ရေ​အောက်​(​၁၈)​မိုင်​သို့​ ဗ​ဟို​ပြု လှုပ်​ခတ်​ သွား​ခဲ့​ခြင်း ​ဖြစ်​သည်​။​င​လျင်လှုပ်​ပြီး​ချိန်​တွင်​ ဆူ​နာ​မီ​ရေ​လှိုင်း သ​တိ​ပေး​ချက်​ကို​လည်း​ အာ​ဏာ​ပိုင်​များ​က​ထုတ်​ပြန်​ခဲ့​သေး​သည်​။​ အ​မေ​ရိ​ကန် င​လျင်​တိုင်း​တာ​ရေး​ဌာ​န​က​ယင်းင​လျင်​ကြီး​အ​ပြီး​တွင်​နောက်​ဆက်​တွဲ​တုန်ခါ​မှု​များ ဆက်​လက်​ဖြစ်​ပွား​ခဲ့​ပြီး​အ​ပြင်း​ဆုံး​တုန်​ခါ​မှု​သည်​ရစ်​ချ​တာ​စ​ကေး (​၆.​၄)​ထိ​ရှိ​ခဲ့​ကြောင်း​ကြေ​ညာ​သွား​သည်​။​ င​လျင်​ကြောင့်​ယာ​ပန်​ခ​ရိုင်​ရှိ အိမ်​ခြေ(​၂၀)​ကျော်​ပြို​ကျ​ခဲ့​ပြီး​လူ​အ​ချို့​ဒဏ်​ရာ​များ​ရ​ရှိ​ခဲ့​ကြောင်း​လည်း ရဲ​တပ်​ဖွဲ့​က​ဆို​သည်​။​ မီး​သတ်​နှင့်​ကယ်​ဆယ်​ရေး​လုပ်​သား​များ​သည်​နံ​နက်​ပိုင်း အ​ချိန်​တွင်​ပင်​အ​ပျက်​အ​စီး​များ​အောက်​မှ​အ​လောင်း(​၂)​လောင်း​ကို​ဆွဲ​ထုတ်​ခဲ့​ပြီး​ဖြစ်​သည်​။ အင်​ဒို​နီး​ရှား​င​လျင်​တိုင်း​တာ​ရေး​ဌာ​န​က​အ​စော​ပိုင်း​ထုတ်​ပြန်​ထား​သော ဆူ​နာ​မီ​သ​တိ​ပေး​ချက်​ကို​မွန်း​လွဲ​ပိုင်း​တွင်​ပြန်​လည်​ရုတ်​သိမ်း​ခဲ့​သည်​။ င​လျင်​ကြောင့်​ဓာတ်​တိုင်​များ​ပျက်​စီး​ခဲ့​ပြီး​အ​ချို့​နေ​ရာ​များ​တွင် လျှပ်​စစ်​မီး​များ​ပြတ်​တောက်​သွား​ခဲ့​သည်​။​

အင်​ဒို​နီး​ရှား​နိုင်ငံ​သည် ပ​စိ​ဖိတ်​မီး​ကွင်း​ဒေ​သ​နှင့်​ဆက်​စပ်​လျက်​ရှိ​ပြီး​အင်​အား​ပြင်း​ထန်​သော င​လျင်​ကြီး​များ​လှုပ်​ခတ်​မှု​နှင့်​မ​ကြာ​ခ​ဏ​ကြံု​တွေ့​ရ​လေ့​ရှိ​သည်​။ အင်​ဒို​နီး​ရှား​သ​မိုင်း​တွင်​အ​ဆိုး​ရွာ​ဆုံး​င​လျင်​ဖြစ်​ရပ်​မှာ​(​၂၀၀၄)​ခု​နှစ်​၊ ဒီ​ဇင်​ဘာ​(​၂၆)​ရက်​နေ့​က​လှုပ်​ရှား​သွား​သော​င​လျင်​ကြီး​ကြောင့်​ဖြစ်​ပြီး င​လျင်​နောက်​ဆက်​တွဲ​အ​ဖြစ် အိ​န္ဒိ​ယ​သ​မု​ဒ္ဒ​ရာ​ကမ်း​ခြေ​များ​တွင်​ဆူ​နာ​မီ ရေ​လှိုင်း​များ​ရိုက်​ခတ်​ခဲ့​ပြီး​လူ​ပေါင်း(​၂၃၀၀၀၀)​ကျော်​သေ​ဆုံး​ခဲ့​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here