Nintendo​ ​ဂိမ်း​စက်​များ​တွင်​ 3D​​ နည်း​ပ​ညာ​ထည့်​သွင်း​မိတ်​ဆက်

alt

ဂျပန်နည်းပညာ ကုမ္ပဏီ Nintendo​ သည် ၎င်းတို့ထုတ်လုပ်သော ဂိမ်းစက်များတွင် အလွန် ခေတ်မီသော 3D နည်းပညာကို စတင်မိတ်ဆက် ထည့်သွင်းကာ ဂိမ်း ဝါသနာအိုးများကို ဆွဲဆောင်ရန် ခြေလှမ်း စတင်လာခဲ့သည်။

3DS ဟု Nintendo က အမည်ပေးထားသော ဂိမ်းကိရိယာသည် Parallax barrier LCD Screen တစ်ခု၏ pixel များကို အမျိုးမျိုး ပြောင်းလဲ လာအောင် တီထွင် ထားခြင်းဖြစ်ပြီး လူတစ်ဦး၏ ညာဖက်နှင့် ဘယ်ဖက်မျက်လုံးများက မတူညီသော အမြင်ကွဲပြားမှုများကို ဖြစ်ပေါ်စေပြီး 3D ရုပ်လုံးကြွ ပုံရိပ်များအဖြစ် တွေ့မြင်ရအောင် လှုံ့ဆော်ပေးမည်ဟု သိရသည်။ 3DS သည် လူ၏ ဦးနှောက်မှ အမြင်အာရုံအပေါ် ခံစားမှု သိစိတ်ကို နည်းပညာဖြင့် ပေါင်းစပ်ကာ 3D ပုံရိပ်များအဖြစ် ပုံဖော် ပေးထားခြင်း ဖြစ်ကြောင်း Nintendo ၏ ဥက္ကဌနှင့် CEO ဖြစ်သူ ဆာတိုရူ အီဝါတာက ပြောကြားခဲ့သည်။ Nintendo သည် 3DS နည်းပညာအား ဇွန်လ (၁၅) ရက်နေ့က အမေရိကန် နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်တွင် ပြုလုပ်သော E3 Expo နည်းပညာ ပြပွဲတွင် ပြသသွားရာ ဂိမ်းဝါသနာရှင်များ၏ အထူးစိတ်ဝင်စားမှုကို ရရှိခဲ့သည်။

Nintendo သည် ၎င်း၏ဂန္တဝင် ဂိမ်းများဖြစ်သည့် Donkey Kong၊ Zelda​ နှင့် Kirby​ စသည်တို့ကို 3D Version​ ဖြင့် စတင်မိတ်ဆက်ခဲ့သည်။ Nintendo​ သည် 3DS​ ၏ ဈေးနှုန်းနှင့် စတင်​ ရောင်းချမည့် နေ့ရက်​ အတိအကျကိုမူ ကြေညာ​ ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here