ဗီ​တာ​မင်​ဘီ​ဆေး​ဝါး​က​ ​အ​ဆုတ်​​ ကင်​ဆာ​ ​ဖြစ်​နိုင်​ခြေ​​ လျော့​ကျ​စေ

alt

ဗီတာမင် (B) ဆေးဝါးများ သုံးစွဲခြင်းက အဆုတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း သုတေသီများက ဖော်ထုတ် တွေ့ရှိလာပြီးနောက် ဆေးလိပ် သောက်သူများ အတွက် သတင်းကောင်း တစ်ခု ဖြစ်လာခဲ့သည်။

ပညာရှင်များက ခန္ဓာကိုယ် အတွင်းရှိ သွေးထဲတွင် ဗီတာမင် (B) ဓာတ် ပမာဏ များပြားစွာ ရှိနေသူများသည် အဆုတ်တွင် ကင်ဆာရောဂါ စွဲကပ်နိုင်ရန် ရာခိုင်နှုန်း နည်းပါး သွားကြောင်း ပြောပြခဲ့သည်။ ဥရောပတွင် ပြုလုပ်သည့် ဆေးပညာ သုတေသန ရလဒ်များ အရ ဗီတာမင် (B6) နှင့် အမိုင်နိုအက်ဆစ် မီသီအိုနင်း ဓာတ်များသည် အဆုတ် ကင်ဆာ ဖြစ်နိုင်ခြေကို (၅၀) ရာခိုင်နှုန်းထိ လျှော့ချ နိုင်ကြောင်း သိရှိ လာရသည်။ သုတေသီများသည် ယခု စမ်းသပ်မှု အတွက် လူပေါင်း (၄) သိန်း၏ ဆေး မှတ်တမ်းများကို လေ့လာမှုများ ပြုလုပ် ခဲ့ရသည်။ အဆုတ် ကင်ဆာသည် ကမ္ဘာပေါ်တွင် အဖြစ်များသော ကင်ဆာ ရောဂါ တစ်မျိုး ဖြစ်ပြီး ဆေးလိပ်ကြောင့် ဖြစ်သည့် ရောဂါများ အားလုံး၏ (၉၀) ရာခိုင်နှုန်းမှာ ယင်း ကင်ဆာဖြစ်သည်။

အဆုတ် ကင်ဆာကြောင့် ကမ္ဘာပေါ်တွင် လူပေါင်း(၁.၂) သန်းမျှ နှစ်စဥ်သေဆုံးနေရသည်။ ဥရောပတွင် ပြုလုပ်သည့် စစ်တမ်းများကို အခြေခံကာ ဖော်ထုတ်တွေ့ရှိခဲ့သည့် ယခုရလဒ်အား နိုင်ငံတကာ ကင်ဆာရောဂါဆိုင်ရာ သိပ္ပံနှင့် သုတေသန အေဂျင်စီ (IARC)က အတည်ပြုခဲ့ပြီး အမေရိကန် ဆေးပညာဂျာနယ်တွင် ဖော်ပြခဲ့သည်။ IARCမှ ဒေါက်တာပေါဘရန်နာက ဗီတာမင် (B6) နှင့် အမိုင်နိုအက်ဆစ် မီသီအိုနင်းတို့သည် အဆုတ်၏ ကျန်းမာ သန်စွမ်းသော ဆဲလ်များ ပျက်စီးမှုကို အကာအကွယ်ပေးပြီး ကင်ဆာ၏ ပြင်းထန်မှုကို ဟန့်တား ပေးကြောင်း ရှင်းလင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here