ပြင်​သစ်​ရေ​လွှမ်း​မိုး​မှု​ကြောင့်​ ​သေ​ဆုံး​သူ​​ အ​ရေ​အ​တွက်​ ​မြင့်​တက်​​နိုင်

alt

ပြင်သစ်နိုင်ငံတွင် ဖြစ်ပေါ် နေသော ရေလွှမ်းမိုးမှုများကြောင့် သေဆုံးသူ အရေအတွက် တိုးပွား လာနိုင်ကြောင်း ကယ်ဆယ်ရေး တာဝန် ရှိသူများက ပြောကြားခဲ့သည်။

နိုင်ငံ အရှေ့တောင်ပိုင်း ဒေသများတွင် ရေလွှမ်းမိုးမှုများကြောင့် လူပေါင်း (၂၀)မျှ သေဆုံးပြီး (၁၂) ဦး ထက်မနည်း ပျောက်ဆုံး နေဆဲဖြစ်သည်။ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ကိုတီဒီအာဇူ ဒေသတွင် ရေလွှမ်းမိုးမှုများ ဇွန်လ(၁၅)ရက်နေ့ကတည်းက ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။ ပြည်ထဲရေး ဝန်ကြီး ဘရိုက်ဟော်တီဖောက်က သေနှုန်း အဆမတန် မြင့်တက်လာမည်ကို စိုးရိမ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။ ကယ်ဆယ်ရေး ဝန်ထမ်း (၂၀၀၀) ခန့်သည် အိမ်များအတွင်း အပျက်အစီးများကြား ပိတ်မိနေသည့် ရေဘေး ဒုက္ခသည်များကို ရှာဖွေ ကယ်ဆယ် နေဆဲဖြစ်သည်။ ရဟတ်ယာဥ်များသည်လည်း အိမ်ခေါင်မိုးများပေါ် တက်နေရသည့် လူအများအား ကယ်ဆယ် နေရသည်။ ဒရာဂွီနန်မြို့မှာ ရေလွှမ်းမိုးမှုများကို အဆိုးရွားဆုံး တွေ့ကြံုခံစားနေရပြီး ရေတက် လာသည်မှာ (၆) ပေ အမြင့်ထိ ရှိခဲ့ကြောင်း သိရှိရသည်။

မိုးရေချိန် (၄၀) စင်တီမီတာထိ ရွာသွန်းခြင်းကြောင့် ဖြစ်ပေါ်လာသော ရေကြီးမှုများသည် အဆိုပါ ဒေသတွင် (၁၈၂၇) ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးလည်းဖြစ်သည်။ အနည်းဆုံး လူပေါင်း (၁၀၀၀) မျှသည် အိုးအိမ်များကို စွန့်ခွာ ထွက်ပြေးသွားကြရပြီး လူပေါင်း (၁၇၅၀၀၀) ကျော်မှာ လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။ ဒရာဂွီနန် အပါအဝင် အနီးအနား ဒေသများတွင် လေကြောင်းနှင့် ရထားလမ်း ပို့ဆောင်ရေး စနစ်များလည်း ရပ်ဆိုင်း သွားကြောင်း သိရသည်။ လမ်းများပေါ်တွင် ရေများပြည့်လျှံလာကာ အရှိန်အဟုန်နှင့် လှိုင်းလုံးများသဖွယ် တွန်းထိုးခြင်းကြောင့် ရေထဲတွင် မြောပါကာ သေဆုံးမှုများ ဖြစ်လာမည်ကို ကယ်ဆယ်ရေး တပ်ဖွဲ့များက စိုးရိမ်နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here