​န​နွင်း​တွင်​​ ကင်​ဆာ​​ ရော​ဂါ​ပိုး​ကို ဟန့်​တား​နိုင်​သည့်​ ​စွမ်း​ရည်​မျိုး​ရှိ​

alt

သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က ဟင်း​ခတ်​​ အ​မွှေး​အ​ကြိုင်​​ အ​ဖြစ်​အ​သုံး​ပြု​သော​ ​န​နွင်း​တွင်​​ ကင်​ဆာ​ရော​ဂါ​ပိုး​ကို ဟန့်​တား​နိုင်​သည့်​ ​စွမ်း​ရည်​မျိုး​ရှိ​နေ​ကြောင်း​​ ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​သည်​။

အိုင်​ယာ​လန်​​ နိုင်ငံ​၊​​ ကော့​ကင်​ဆာ​​ သု​တေ​သ​န​စင်​တာ​မှ​ သု​တေ​သီ​များ​က​​ ​န​နွင်း​သည် အ​စာ​ပြွန်​ ကင်​ဆာ​ဆဲလ်​များ​ကို​ ပျက်​စီး​စေ​သည့်​ သ​တ္တိ​ထူး​မျိုး​ရှိ​နေ​ကြောင်း သိ​ရ​သည်​။​ လိ​မ္မော်​ဝါ​ရောင်​ရှိ​သည့်​ အ​ဆို​ပါ​ န​နွင်း​တွင်​ပါဝင်သော ဓာတ်​တစ်​မျိုး​သည်​ခ​န္ဓာကိုယ်​အ​တွင်း​(​၂၄)​နာ​ရီ​အ​တွင်းဝင်ရောက်​လာ​သည့် အ​စာ​ပြွန်​ ကင်​ဆာ​ ဆဲလ်​များ​ကို​  တိုက်​ဖျက်​ ပစ်​နိုင်​ကြောင်း​ သု​တေ​သီ​များ​က​ ဆို​သည်​။ ထို့​အ​ပြင်​ န​နွင်း​သည်​ မှို​ရော​ဂါ​နှင့်​ကို​လက်​စ​ထ​ရော​များ​ပြား​မှု​တို့​ကို ကု​သ​ရာ​တွင်​လည်း​အာ​နိ​သင်​ကြီး​မား​ကြောင်း​ပ​ညာ​ရှင်​များ​၏​လေ့​လာ​တွေ့​ရှိ​မှု​ကို အ​ခြေ​ခံ​ကာ​ဗြိ​တိန်​ကင်​ဆာ​ဆေး​ပ​ညာ​ဂျာ​နယ်​တွင်​ထည့်​သွင်း​ဖော်​ပြ​ထား​သည်​။ ယ​ခု​သု​တေ​သ​န​လုပ်ငန်း​ကို​ဦး​ဆောင်​ခဲ့​သည့်​ဒေါက်​တာ​ရှာ​ရွန်​မက်​ကင်​နာ​က သု​တေ​သီ​များ​အ​တွက်​အ​စာ​ပြွန်​ကင်​ဆာ​အ​စ​ပိုင်း​အ​ဆင့်​များ​တွင်​ကု​သ​ပေး​ရန် ကောင်း​မွန်​သော​ လ​မ်း​စ​ တစ်​ခု​ကို​ရှာ​ဖွေ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​ကြောင်း ပြော​ကြား​ခဲ့​သည်​။​​ န​နွင်း​တွင်​ပါဝင်သော​ပ​ရို​တိန်း​ဓာတ်​ရော​ယှက်​နေ​သည့် သ​ဘာ​ဝ​ဓာတ်​ပေါင်း​တစ်​မျိုး​က​​ ကင်​ဆာ​​ ဆဲလ်​များ​ကို​ ဖယ်​ရှား​ပေး​နိုင်​သည်​ဟု သူ​မ​က​ရှင်း​ပြ​ခဲ့​သည်​။​

အ​စာ​ပြွန်​ကင်​ဆာ​သည်​ နှစ်​စဥ်​က​မ္ဘာ့​လူဦး​ရေ (​၅)​သိန်း​ခန့်​တွင်​ဖြစ်​ပေါ်​တတ်​သည့်​ကင်​ဆာ​တစ်​မျိုး​ဖြ​စ်​သည်​။​ယင်း​သည် ပြင်း​ထန်​သော​ကင်​ဆာ​တစ်​မျိုး​ဖြစ်​ပြီး​ဖြစ်​ပွား​သူ​ အား​လုံး​၏​(​၁၂)​မှ (​၃၁)​ရာ​ခိုင်​နှုန်း​မျှ​သာ​ (​၅)​ နှစ်​အ​ထိ​ အ​သက်​ရှင်​ခွင့်​ ရ​ကြောင်း​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here