တန်​ဇန်း​နီး​ယား​သို့​ ​အ​ချစ်​သစ်​နှင့်​အ​တူ​ ​အ​ပျော်​ခ​ရီး​​ ထွက်သွား​သည့်​ ​ချယ်​ရီ​ကိုး

alt

ခင်ပွန်းဟောင်း အက်ရှလေကိုးနှင့် ကွာရှင်း​ လိုက်ပြီးနောက် ဗြိတိန် Girls Aloud အဆိုတော်အဖွဲ့မှ ချယ်ရီကိုး သည် အချစ်သစ်နှင့် တန်ဇန်းနီးယား သို့ အပျော်ခရီး ထွက်သွားကြောင်း သိရှိရသည်။

အင်္ဂလန် ဘောလုံးသမား အက်ရှလေ ကမ္ဘာ့ဖလားတွင် အမေရိကန်နှင့် ယှဥ်ပြိုင်​ ကစားနေစဥ် ကွာရှင်းမှု အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပင် ကျင်းပ​ ခဲ့သေးသည့် ချယ်ရီသည် သူမ၏ Dancer​ ဖြစ်သူ ဒါရက်ဟော့နှင့် ဇွန်လ​ (၁၅)​ ရက်နေ့က တန်ဇန်းနီးယားသို့ သွားရောက်​ ခဲ့ခြင်းဖြစ်သည်။ ထိုနေ့ညက လန်ဒန်မြို့၊ ဟိသရိုး​ လေဆိပ်မှ ထွက်ခွာသွားသော အသက်​ (၂၆)​ နှစ်အရွယ် ချယ်ရီနှင့် သူမ၏ Dancer​ တို့သည် နောက်တစ်ရက်တွင် အာဖရိကတိုက်ရှိ နိုင်ငံသို့ ရောက်ရှိခဲ့သည်။ ချယ်ရီသည် သူမထက် တစ်နှစ်ငယ်သော ဒါရက်နှင့် မတွဲသေးမီက အမေရိကန် ဂီတအဖွဲ့ Black Eyed Peasမှ အဆိုတော် Will.I.Am​ နှင့် တွဲခဲ့သေးသည်။ X Factor​ အစီအစဥ်တွင် ဒိုင်အဖြစ်လည်း တာဝန်ယူနေသည့် ချယ်ရီ၏ မိတ်ဆွေများက ဒါရက်သည် အိမ်ထောင်ရေး ပြိုကွဲမှုများ ကြံုခဲ့ရသည့် ချယ်ရီ​ အတွက် အကောင်းဆုံး စိတ်ဓာတ်ခွန်အား ဖြည့်ဆည်း​ ပေးခဲ့ကြောင်း ပြောကြားခဲ့ကြသေးသည်။

ချယ်ရီနှင့် ဒါရက်တို့သည် (၁၀)​ နာရီ လေယာဥ်​ စီးသွားရသည့် ခရီးစဥ်​ ပြီးနောက် တန်ဇန်းနီးယားတွင် ရက်အနည်းငယ်မျှ နေထိုင်မည်​ ဖြစ်ပြီး ထို့နောက်တွင်မူ ချယ်ရီ၏ X Factor​ အစီအစဥ်အတွက် ဗြိတိန်သို့ ပြန်လာရမည်ဖြစ်သည်။ ယခု​ ခရီးစဥ်ကို ဒါရက်က ကြိုတင်​ စီစဥ်​ ပေးခဲ့ခြင်း​ ဖြစ်ပြီး အလုပ်များ မအားလပ်သည့်ကြားမှ မဖြစ်မနေ ကြိုးပမ်းကာ အပမ်းဖြေ ခရီးလေးတစ်ခု ဖန်တီးပေးသည့်​ အတွက် ချယ်ရီမှာ အလွန်​အံ့ဩ​ ဝမ်းသာလျက် ရှိကြောင်း သူမ၏ မိတ်ဆွေများက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here