က​မ္ဘာ့​ဖ​လား​ဘော​လုံး​ပွဲ​​ ​ကြည့်​သူ​များ​အား​ ​ပြစ်​ဒဏ်​ပေး​မည့်​ ဆို​မာ​လီ​ယာ​ စစ်​သွေး​ကြွ​များ​

alt

ဆို​မာ​လီ​ယာ​ရှိ​ အ​စွန်း​ရောက်​ မွတ်​ဆ​လင်​ စစ်​သွေး​ကြွ​များ​သည် က​မ္ဘာ့​ဖ​လား​ ဘော​လုံး​ပွဲ​အား​​ TV​ ​မှ​တ​ဆင့်​ ကြည့်​ရှု​ အား​ပေး​သူ​များ ​ကြိမ်​ဒဏ်​ ချ​မှတ်မည်​ဟု ခြိမ်း​ခြောက်​ သ​တိ​ပေး​ ထား​ကြောင်း​ သိ​ရ​သည်​။​

လက်​နက်​ကိုင်​ မွတ်​ဆ​လင် စစ်​သွေး​ကြွ​များ​သည်​ အ​စိုး​ရ​ဩ​ဇာ​ အာ​ဏာ​မ​ပျံ့နှံ့​နိုင်​သည့်​ ​၎င်း​တို့​​ သိမ်း​ပိုက်​ထား​သော ဒေ​သ​များ​တွင်​​ ကင်း​လှည့်​ကာ​​ က​မ္ဘာ့​ဖ​လား​​ ဘော​လုံး​ ​ပြိုင်​ပွဲ​​ ကြည့်​ရှု​ ​နေ​သူ​များ​အား လိုက်​လံ​​ ဖမ်း​ဆီး​လျက်​ရှိ​သည်​။​​ ဟစ်​ဇ​ဘူ​​ အ​စ္စ​လာမ်​​ စစ်​သွေး​ကြွ​​ အ​ဖွဲ့​က ဘော​လုံး​ပွဲ​​ ကြည့်​ရှု​ခြင်း​သည်​​ အ​စ္စ​လမ် ဘာ​သာ​ရေး​​ အ​ရ​​ ဝတ်​ပြု​​ ဆု​တောင်း​မှု​များ မ​ပြု​လုပ်​အောင်​​ အ​နှောင့်​အ​ယှက်​​ ပေး​နေ​ကြောင်း​ ​စွပ်​စွဲ​ကာ​ဆို​မာ​လီ လူငယ်​များ​ကို​​ ဘော​လုံး​ပွဲ​​ မ​ကြည့်​ရန်​​ တား​မြစ်​​ နေ​ခြင်း​ဖြစ်​သည်​။​ ​မို​ဂါဒစ်​ရှူး မြို့​တော်​အ​နီး​တွင်​လူ​ (​၁၀)​ ဦး​ခန့်​သည်​နိုက်​ဂျီး​ရီး​ယား​နှင့်​​ အာ​ဂျင်​တီး​နား​တို့ ပွဲ​စဥ်​ကို​​ ကြည့်​ရှု​သူ​​ (​၁၀)​ ဦး​​အား​​ စစ်​သွေး​ကြွ​များ​က​​ ဖမ်း​ဆီး​​ ရိုက်​နှက်​ခဲ့​ပြီး ၎င်း​တို့​အား​ ​ခု​ခံ​ခဲ့​သူ​​ (​၂)​ ဦး​ကို​မူ​​ ပစ်​သတ်​ခဲ့​သ​ဖြင့်​​ ဆို​မာ​လီ ဘော​လုံး​​ ဝါ​သ​နာ​အိုး​​ ပ​ရိ​သတ်​များ​ကြား​​ စိုး​ရိမ်​မှု​များ​ ​မြင့်​တက်​လာ​ခဲ့​သည်​။

အယ်​ကေး​ဒါး​တို့​နှင့်​​ ဆက်​စပ်​နေ​သော​​ အယ်​ရှာ​ဘက်​​ စစ်​သွေး​ကြွ​​ အ​ဖွဲ့​က​လည်း ယ​ခု​ကဲ့​သို့​​ ဘော​လုံး​ပွဲ​​ ကြည့်​ရှု​ခွင့်​​ ပိတ်​ပင်​မှု​များ​အား​ ​ထောက်​ခံ​ကာ ၎င်း​တို့​​ ကိုယ်​တိုင်​လည်း​​ ကျင့်​သုံး​နေ​ကြောင်း​ကြေ​ညာ​ခဲ့​သည်​။​​ ဆို​မာ​လီ​ယာ​တွင် စစ်​သွေး​ကြွ​များ​သည်​​ ဖျော်​ဖြေ​ရေး​နှင့်​​ ဆိုင်​သော​ကိ​စ္စ​တိုင်း​အား​ ​အ​စ္စ​လမ် ဘာ​သာ​ရေး​နှင့်​​ ဆန့်​ကျင်​သည်​ဆို​သော​​ အ​ကြောင်း​ပြ​ချက်​ဖြင့်​​ လိုက်​လံ​​ ပိတ်​ပင်​နေ​ဆဲ​ဖြစ်​သည်​။ ဆို​မာ​လီ​ယာ​ ​အ​စိုး​ရ​သည်​​ မြို့​တော်​​ မို​ဂါ​ဒစ်​ရှူး​​ အ​နီး​တ​ဝိုက်​တွင်​သာ ဩ​ဇာ​ရှိ​ပြီး​ ​ကျန်​ဒေ​သ​ ​အား​လုံး​ကို​အ​စွန်း​ရောက်​​ မွတ်​ဆ​လင်​​ စစ်​သွေး​ကြွ​​ အ​ဖွဲ့​များ​က သိမ်း​ယူ​ထား​ကြောင်း​သ​တင်း​ရ​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here