​ဗြိ​တိ​သျှ​တပ်​များ​ ​ပူ​ပေါင်း​မှု​မ​ရှိ​က​ အာ​ဖ​ဂန်​န​စ္စ​တန်​​​၏ ​စစ်​ရေး​​ ​အ​လ​ကား​ဖြစ်

alt

အာ​ဖ​ဂန်​န​စ္စ​တန်​တွင် ဆင်​နွှဲ​ နေ​သော ​စစ်​ဆင်​ရေး​များ​မှာ ​ဗြိ​တိ​သျှ​ တပ်​များ ​မ​ပါဝင်ပါ​က အ​ရှုံး​နှင့်​ ရင်​ဆိုင်​ သွား​ရ​ နိုင်​ကြောင်း​ အ​မေ​ရိ​ကန်​ထိပ်​တန်း​ စစ်​ဖက် အ​ရာ​ရှိ​ကြီး​ တစ်ဦး​က​ သ​တိ​ပေး​ ပြော​ကြား​ လိုက်​သည်​။

​ဗိုလ်​ချုပ်​ကြီး ဒေး​ဗစ်​ ပီ​ထ​ရူ​ရက်​က​ လန်​ဒန်​မြို့​သို့​​ ​ရောက်​ရှိ​စဥ်​ ယ​ခု​လို​​ ပြော​ကြား​​ ခဲ့​ခြင်း​ ​ဖြစ်​သည်​။ ပေါက်​ကွဲ​မှု​​ တစ်​ခု​အ​တွင်း​​ အာ​ဖဂန်​ရောက်​ဗြိ​တိ​သျှ​​ တပ်​သား​များ​​ အ​နက် (​၂၉၄)​ ဦး​​မြောက်​​ စစ်​သည်​​ သေ​ဆုံး​​ ခဲ့​သည့်​နောက်​​ အာ​ဖ​ဂန်​သို့​​ ဗြိ​တိ​သျှ စစ်​သား​များ​ ​စေ​လွှတ်​မှု​ကို​ ​ဗြိ​တိန်​တွင်​ကန့်​ကွက်​မှု​များ​​ တိုး​တက်​လာ​ခြင်း​နှင့် ပတ်​သက်​ပြီး​​ ဗိုလ်​ချုပ်​ကြီး​က​​ ယ​ခု​လို​​ ပြော​ကြား​​ သွား​ခြင်း​​ ဖြစ်​သည်​။

မ​ကြာ​သေး​မီ​က​​ အာ​ဖ​ဂန်​ရှိ​​ ဟယ်​မန်​​ အ​ရပ်​တွင်​ ​စစ်​သွေး​ကြွ​တို့​​ ပစ်​ချ​မှု​ကြောင့် NATO​ ​ရ​ဟတ်​ယာဥ်​​ တစ်​စင်း​ပျက်​ကျ​ခဲ့​သေး​ပြီး​​ ရ​ဟတ်​ယာဥ်​ပေါ်​ပါ​လာ​သူ (​၄)​ ဦး​လုံး​ ​သေ​ဆုံး​​ ခဲ့​သည်​။​​ ထို့​အ​ပြင်​​ တစ်​ပါတ်​​ အ​တွင်း​​ NATO​ ​စစ်​သည် (​၂၀)​မျှ​​ ကျ​ဆုံး​ခဲ့​ပြီး​နောက်​​ အာ​ဖဂန်​ရှိ​​ တာ​လီ​ဘန်​တို့​​ အ​ပေါ်​​ ထိုး​စစ်​​ ဆင်​နွှဲ​နေ​ခြင်း​​ အ​ပေါ် မေး​ခွန်း​ထုတ်​စ​ရာ​များ​​ ဖြစ်​လာ​ ​ခဲ့​သည်​။​​ အ​မေ​ရိ​ကန်​​ စစ်​တပ်​​ ဗ​ဟို​​ ကွပ်​ကဲ​ရေး ဌာ​န​မှ​​ အ​ကြီး​အ​ကဲ​ဖြစ်​သူ​​ ဗိုလ်​ချုပ်​ကြီး​​ ဒေး​ဗစ်​က​ ​ဗြိ​တိန်​နှင့် အ​မေ​ရိ​ကန်​တို့​သည်​​ အီ​ရတ်​​ စစ်​ပွဲ​တွင်​လည်း​​ အ​တူ​တ​ကွ​​ လက်​တွဲ​ခဲ့​ပြီး အာ​ဖ​ဂန်​တွင်​လည်း​​ ထိုး​စစ်​​ ဆင်​နွှဲ​​ နေ​ခြင်း​သည်​​ အ​ရှေ့​​ အ​လယ်​ပိုင်း​နှင့် အာ​ရှ​​ တောင်​ပိုင်း​​ ငြိမ်း​ချမ်း​ရေး​​ အ​တွက်​​ စိတ်​တူ​​ ကိုယ်​တူ​​ ဆောင်​ရွက်​​ နေ​ခြင်း​ ​ဖြစ်​ကြောင်း ပြော​ကြား​ခဲ့​သည်​။

​ဗြိ​တိန်​သည်​​ အာ​ဖ​ဂန်​သို့​​ စစ်​သည်​​ အင်​အား​တစ်​သောင်း​မျှ ပို့​လွှတ်​​ ထား​ပြီး​​ ငါး​ရာ​ကျော်​မှာ​ ​အ​ထူး​​ တိုက်​ခိုက်​ရေး​​ တပ်​ဖွဲ့​များ​ ​ဖြစ်​ကြ​သည်​။ ဗိုလ်​ချုပ်​ကြီး​​ ဒေး​ဗစ်​က​​ ရဲ​ရင့်​သော​​ အ​မေ​ရိ​ကန်​နှင့်​ ​ဗြိ​တိ​သျှ​​ စစ်​သား​များ​မှာ လမ်း​ဘေး​​ ဗုံး​များ​ကြောင့်​​ သေ​ဆုံး​နေ​ခြင်း​​ အ​တွက်​မူ​​ စိတ်​မ​ကောင်း​​ ဖြစ်​မိ​ကြောင်း ဝန်​ခံ​​ ပြော​ကြား​ခဲ့​သည်​။​​ တာ​လီ​ဘန်​တို့​သည်​​ တပ်​သား​များ​​ လိုက်​ပါ​လာ​သည့် ရ​ဟတ်​ယာဥ်​များ​ကို​လည်း​​ RPG​ ​ဒုံး​ကျည်​များ​ဖြင့်​​ ပစ်​ချ​​ နေ​ကြ​ပြီး​​ မ​ကြာ​သေး​မီ​က​လည်း ရ​ဟတ်​ယာဥ်​​ တစ်​စင်း​​ ပစ်​ချ​ခံ​ရ​ပြီး​​ အ​မေ​ရိ​ကန်​​ တပ်​သား​ (​၄)​ ဦး​​ သေ​ဆုံး​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here