သွေးလှူဒါန်းနေသူများ၏ သုံးပုံ တစ်ပုံမှာ လူငယ်များဖြစ်

alt

ကမ္ဘာပေါ်တွင် သွေး လှူဒါန်းမှု ပြုလုပ်နေသူ အားလုံး၏ (၃) ပုံ(၁) ပုံသည် အသက် (၂၅) နှစ်အောက် လူငယ်များ ဖြစ်ကြောင်း ကုလ သမဂ္ဂ၏ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ဇွန်လ (၁၄) ရက်နေ့ ကမ္ဘာ့ သွေးလှူနေ့တွင် ကြေညာလိုက်သည်။

WHO သည် ယခု နှစ်တွင် ကမ္ဘာတဝှမ်းရှိ သွေးလှူမှုများနှင့် ပတ်သက်ပြီး ပထမဆုံး အကြိမ် အချက်အလက်များကို ကြေညာခြင်း လည်းဖြစ်သည်။ နိုင်ငံ အများစုတွင် သွေးလှူရန် အတွက် လူငယ်များက စိတ်အား ထက်သန်လာခြင်းသည် အလွန် အရေးကြီးသော ကိစ္စ တစ်ခုဖြစ်ကြောင်း WHO ၏ ကျန်းမာရေး စနစ်နှင့် ဝန်ဆောင်မှု ဌာန လက်ထောက် ဒါရိုက်တာ ကာရီဆာအက်တီယန်နီက ပြောကြား ခဲ့သည်။ ထို့အပြင် WHO အနေနှင့် ငယ်ရွယ်သူများအား သွေးလှူမှုတွင် အင်တိုက် အားတိုက် ပါဝင်ကြရန် တိုက်တွန်း လိုကြောင်းလည်း ကာရီဆာကဆိုသည်။

ကမ္ဘာ့ သွေးလှူနေ့ အခမ်း အနားကို စပိန်နိုင်ငံ၊ ဘာစီလိုနာ မြို့တွင် အခမ်းအနားဖြင့် ကျင်းပ ခဲ့ပြီး ယခုနှစ် အတွက် ဆောင်ပုဒ်ကို “New blood for the world”ဟု သတ်မှတ် ထားကြောင်း သိရသည်။ ယင်း ဆောင်ပုဒ်က မွန်မြတ်သော သွေးလှူဒါန်းမှု အပေါ် လူငယ် လူရွယ်များ ပိုမို စိတ်ဝင်စား အာရုံ စိုက်လာစေရန် ဆွဲဆောင် ထားခြင်းလည်းဖြစ်သည်။ WHO ၏ အဆိုအရ နှစ်စဥ် နှစ်တိုင်း သွေးလှူဒါန်းမှုပေါင်းမှာ ကမ္ဘာနှင့် တဝှမ်း (၉၃) သန်းမျှ ရှိကြပြီး ယင်းတို့ အနက် ထက်ဝက်သည် ဝင်ငွေ အလယ်အလတ်နှင့် အနိမ့်ပိုင်း လူတန်းစား အများစု ရှိသည့် နိုင်ငံများမှ ဟု သိရသည်။ WHO က နိုင်ငံအလိုက် ပျမ်းမျှ အားဖြင့် လူဦးရေ စုစုပေါင်း၏ (၁) ရာခိုင်နှုန်းသည် သွေးလှူ နေကြပြီး ယင်းမှာ အခြေခံ သွေး လိုအပ်ချက်အတွက် ပြည့်မီသော ပမာဏ ဖြစ်ကြောင်းလည်း ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here