ကမ္ဘာ့ဖလားပွဲမှ အာဖရိကနှဲကြီးများ အကြားအာရုံကို ဆိုးရွားစွာ ထိခိုက်စေနိုင်

alt

တောင်အာဖရိက နိုင်ငံတွင် ကျင်းပ နေသည့် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ပရိသတ်များ အားပေးသည့် အခါ မှုတ်ကြသည့် အာဖရိက နှဲကြီးများ ဖြစ်သော ဗူဗူဇီလာများ၏ အသံသည်

အကြား အာရုံကို ဆိုးဆိုးရွားရွား ထိခိုက် စေနိုင်ကြောင်း သုတေသီများက ပြောကြား လိုက်သည်။ ဗူဗူဇီလာ တစ်ခုမှ ထုတ်လွှတ်​ လိုက်သော အသံသည် (၁၂၇)ဒ က်ဆီဘယ် ထိ ရှိတတ်ကြောင်း တောင်​ အာဖရိကတွင် ပြုလုပ်ခဲ့သည့် လေ့လာမှု တစ်ခုအရ တွေ့ရှိရသည်။ ယင်းသည် နားစည်ကို ထိခိုက်စေသည့် (၁၂၂) ဒက်ဆီဘယ် အသံ ပမာဏထက် ပိုများ​ လျက်ရှိသည်။

ဒိုင်လူကြီး​ တစ်ဦး၏ ခရာသံမှာ (၁၂၁.၈) ဒက်ဆီဘယ်ထိ ရှိတတ်ကြောင်း သိရသည်။ ပွဲကြည့် ပရိသတ်များအကြား ဗူဗူဇီလာ အမြောက်အမြား ကိုင်ဆောင်လာပြီး လူတစ်ဦး၏ (၂)မီတာ ပတ်လည်အတွင်း ဗူဗူဇီလာနှဲ (၁၀)ခုမှ (၂၀)အကြားထိ ရှိနိုင်ကြောင်း ဇီဝရူပဗေဒ ပညာရှင် ပရော်ဖက်ဆာ ခရစ်စတီယန် ဂီးလစ်ကဆိုသည်။ ဗူဗူဇီလာ (၁၀)ခုမှ နားစည်သို့ ရိုက်ခတ်လာသည့်အခါ (၁၀)ဒက်ဆီဘယ် မြင့်တက်လာပြီး အခု(၁၀၀)မှ ထွက်ပေါ်လာသည့် အသံသည် (၂ဝ)ဒက်ဆီဘယ်ထိ ရှိမည်ဟု ဂီးလစ်က ရှင်းပြခဲ့သည်။

အဆိုပါ အနေအထားသည် နားအား အပြင်းအထန် ထိခိုက် စေနိုင်သောကြောင့် အဆင့်မြင့် နည်းပညာသုံး နားကြပ်များဖြင့် ကာကွယ်သင့်ပြီး ယင်း လုပ်ဆောင်ချက်က (၂၀)ဒက်ဆီဘယ်ထိ လျှော့ချ ပေးနိုင်မည်ဖြစ်ကြောင်း ဂီးလစ်က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here