T-Mobile ဟန်းဆက်များ အခမဲ့ ပေးဝေမည်

alt

T-Mobile​ ကုမ္ပဏီက ဈေးကွက် ပြိုင်ဖက် AT&T​ အား ယှဥ်ပြိုင်ရန် အတွက် မိုဘိုင်းဖုန်း ဟန်းဆက်များအား အမေရိကန်တွင် အခမဲ့ ပေးဝေသွားမည်ဟု ကြေညာလိုက်သည်။

AT&T သည် ဇွန်လ ကုန်ပိုင်းတွင် Apple၏ နောက်ဆုံးမိုဘိုင်းဖုန်းမျိုးဆက် iPhone 4အား စတင်ဖြန့်ချီတော့မည်ဖြစ်ရာ T-Mobileက ၎င်းတို့၏ ဝန်ဆောင်မှုကို မိသားစု အလိုက် ဝယ်ယူပါက T-Mobileမှ တာဝန်ယူ ရောင်းချသော ဟန်းဆက်များကို အခမဲ့ လက်ဆောင်ပေးသွားရန် စီစဥ်ထားကြောင်း သိရသည်။ သို့သော်လည်း ယင်းလက်ဆောင်ကို T-Mobile၏ ဝန်ဆောင်မှုအား အနည်းဆုံး မိသားစုဝင် နှစ်ဦးစာ စာချုပ်ထားမှ ရရှိမည်ဖြစ်သည်။ T-Mobileသည် ယင်းကဲ့သို့ မိသားစုလိုက် စာချုပ်ထားသူများကို Google၏ Android OS စနစ်သုံး HTC myTouch 3G Slide၊ Garmifoneဖုန်း စသည်တို့ကို အခမဲ့ လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ယင်းဖုန်းများသည် ဈေးကွက်အတွင်းတွင် ဒေါ်လာ (၂၀၀) ဝန်းကျင်ဖြင့် ရောင်းချနေဆဲဖြစ်သည်။ T-Mobile၏ အမေရိကန်ဆိုင်ရာဌာန အကြီးအကဲ ဂျင်အေလင်းက ယခုဝန်ဆောင်မှုကြောင့် ဖောက်သည်သစ်များ ရရှိလာနိုင်သည့်အပြင် လက်ရှိT-Mobileနှင့် စာချုပ်ထားသည့် ဖောက်သည်များကိုပါ စာချုပ်သစ်များ ထပ်မံချုပ်ဆိုသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားသည်။

T-Mobile သည် ဂျာမနီနိုင်ငံ Deutsche Telekom AG မှ ပိုင်ဆိုင်သော ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းကြီးဖြစ်ပြီး ယခုနှစ် ပထမ(၃)လ စာရင်းအရ ဖောက်သည်(၃၃.၇)သန်းနှင့် စာချုပ်ထားနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here