ရှာ​ကီ​ယာ​​ အ​ဖော်​အ​ချွတ်​​ကိုယ်​ဟန်​ပြ​​ ဓာတ်​ပုံ​များ အ​ရိုက်​ခံမည်

alt

ကို​လံ​ဘီ​ယာ​​ နိုင်ငံ​သူ ​ အ​ဆို​တော်​​ ရှာ​ကီ​ယာ​က​ ​သူ​မ​​ အ​နေ​နှင့်​​ အ​ဖော်​အ​ချွတ်​​ ကိုယ်​ဟန်​ပြ​​ ဓာတ်​ပုံ​များ အ​ရိုက်​ခံ​လို​ကြောင်း​​ ဝန်​ခံ​​ ပြော​ကြား​​ ခဲ့​သည်​။​

သူ​မ​သည်​ အ​ဆို​ပါ​ ပုံ​မျိုး​ကို ရိုက်​ချင်​သော်​လည်း​ ရှက်​နေ​သ​ဖြင့်​ ယ​ခု​တိုင်​ အ​ဆင်​မ​ပြေ​ သေး​ကြောင်း​လည်း ပြော​ဆို​ ထား​သည်​။​ သို့​တိုင်​အောင်​တစ်​နေ့​နေ့​တွင်​မူ​ ယင်း​သို့​ ကိုယ်​ဟန်​ပြ​ရန် စဥ်း​စား​ ထား​ကြောင်း​ ရှာ​ကီ​ယာ​က​ ဆို​သည်​။​ လက်​တ​လော​တွင်​မူ​ ထို​ကိ​စ္စ​ကို အ​ကောင်​အ​ထည်​မ​ဖော်​ သေး​ကြောင်း​လည်း​ အ​သက်( ​၃၃)​ နှစ်​ ရှိ​အ​ဆို​တော်​က ပြော​ကြား​ခဲ့​ပြီး​ အ​သက် (​၄၀)​ ဝန်း​ကျင်​တွင်​ ဖြစ်​နိုင်​ကြောင်း​ မှတ်​ချက်​ပြု​ခဲ့​သည်။ လွန်​ခဲ့သည့်​ (​၁၀)​ နှစ်​ခန့်​က​ ထို​သို့​လုပ်​ရန်​ လုံး​ဝ​ မ​စဥ်း​စား ​ခဲ့​ကြောင်း​၊ ယ​ခု​အ​ခါ​တွင်​မူ​ သူ​မ​၏​ အ​မြင်​ ပြောင်း​လဲ​လ ာ​ခဲ့​ခြင်း​ ဖြစ်​ကြောင်း​လည်း ရှာ​ကီ​ယာ​က ​ပြော​ကြား​ ခဲ့သည်​။​ သို့​သော်​လည်း​ ကို​လံ​ဘီ​ယာ​ရှိ​ သူ​မ​ ကြီး​ပြင်း​ခဲ့​ရာ ကက်​သ​လစ်​ ဘာ​သာဝင်တို့​၏​ ပတ်​ဝန်း​ကျင်​တွင်​ ယင်း​အ​ပြု​အ​မူ​ကို​ လက်​ခံ​ရန် ခဲ​ယဥ်း​နိုင်​ကြောင်း​လည်း​ ရှာ​ကီ​ယာ​က ​ဝန်​ခံ​ ပြော​ကြား​ သွား​သည်​။​

ရှာ​ကီ​ယာ​သည် က​မ္ဘာ့​ဖ​လား​ ဘော​လုံး​ ပြိုင်​ပွဲ​၏​ အဖွင့်​ သီ​ချင်း​ဖြစ်​သော​ Waka​Waka​ ကို သီ​ဆို​ ပေး​ခဲ့​ရာ​ အ​ကြီး​အ​ကျယ်​ အောင်​မြင်​မှု​များ​ ရ​ရှိ​နေ​ကြောင်း​လည်း သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here