အင်ဒိုနီးရှား Celebrity သုံးဦး ညစ်ညမ်းဗီဒီယို ဖြန့်ချိမှုဖြင့် တရားရင်ဆိုင်ရဖွယ်

alt

အင်ဒိုနီးရှားနိုင်ငံမှ Celebrity (၃) ဦး ပါဝင် ပတ်သက် နေသည်ဆိုသော လိင်မှု ဗီဒီယိုများ ထွက်ပေါ် လာပြီးနောက် ယင်း Celebrity (၃)ဦးမှာ ညစ်ညစ်း ဗီဒီယို ဖြန့်ချီမှုဖြင့် တရား ရင်ဆိုင်ရဖွယ် ရှိနေကြာင်း သိရှိရသည်။

အင်တာနက်မှတဆင့် ပျံ့နှံ့လာသည့် အဆိုပါ လိင် ဗီဒီယိုများသည် နိုင်ငံ၏ ညစ်ညမ်း ရုပ်ရှင် တိုက်ဖျက်ရေး ဥပဒေ အရ လက်မခံနိုင်သော အခြေအနေတွင် ရှိနေကြောင်း အင်ဒို ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဂျာကာတာမြို့တော် ရဲတပ်ဖွဲ့သည် အဆိုပါ ဗီဒီယိုများ အင်တာနက်ပေါ် တင်ခဲ့သည့် လက်သည်ကို ရှာဖွေနေဆဲဖြစ်ပြီး ပါဝင်ပတ်သက်သူ အဆိုတော် အေရီရယ်၊ ၎င်းနှင့် အချစ်ကြူးခဲ့သည့် လူနာမာယာ၊ ကက်တာရီတို့သည်လည်း စွဲချက်တင်ခံရမည့် အခြေအနေမျိုး ဖြစ်နေသည်။ ယခုကိစ္စတွင် ပုဒ်မ(၂၉၂)အရ ညစ်ညမ်းပုံရိပ်များ ဖြန့်ဖြူးမှုဖြင့် ထောင်ဒဏ်(၃)နှစ်ထိ ချမှတ်နိုင်မည်ဖြစ်သလို ညစ်ညမ်းဗီဒီယိုတွင် ပါဝင်သည့်အတွက် ပုဒ်မ(၄၄/၂၀၀၈)အရ ထောင်ဒဏ် (၁၂)နှစ်ထိဖြစ်စေ၊ ဒဏ်ငွေ ရူပီးယား (၆)ဘီလျံထိဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

အေရီရယ်အပြင် မင်းသမီးနှင့် အစီအစဥ် တင်ဆက်သူ တစ်ဦးဖြစ်သူ လူနာနှင့် ကက်တာရီတို့ နှစ်ဦးလုံးကိုလည်း ယခုအမှုနှင့် ပတ်သက်ပြီး စွဲချက်တင်ရန် လိုအပ်သော လေ့လာမှုများ ပြုလုပ်နေကြောင်း ဥပဒေဌာနနှင့် နီးစပ်သူများကဆိုသည်။ Peterpan အဖွဲ့မှ ဦးဆောင်အဆိုတော် အေရီရယ်မှာမူ ယခုဗီဒီယိုများ ထွက်ပေါ်လာမှုအတွက် အဓိက တရားခံအဖြစ် စွပ်စွဲခံနေရသည်။ အေရီရယ် ကိုယ်တိုင်ကမူ ယခုသတင်းများအား ငြင်းဆန်ထားသည်။ အင်ဒိုအမျိုးသား ရဲတပ်ဖွဲ့ကမူ ယခုဗီဒီယိုများသည် အေရီရယ်၏ ပျောက်ဆုံးသွားသော ကွန်ပျူတာ Hard Diskတစ်လုံးမှ စတင်ပျံ့နှံ့သွားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here