တိုက်​စစ်​မှူး ကီ​ရင်​ဘန်​ဇီး​မား​ကို​​ အ​လိုက်​ပေး​​ ကမ်း​လှမ်း​သွားမည့်​ ရီး​ရဲလ်​ မက်​ဒ​ရစ်​

alt

ရီး​ရဲလ်​မက်​ဒ​ရစ်​ အသင်း​သည်​ မန်​ချက်​စ​တာ​ ယူ​နိုက်​တက်​ အ​သင်း​မှ ဗ​ဟို​ ခံ​စစ်​မှူး​ နီ​မန်​ဂျာ​ဗီ​ဒစ်​အား ​ရ​ရှိ​ရန်​ အ​တွက်​​ အ​သင်း​မှ​​ တိုက်​စစ်​မှူး ကီ​ရင်​ဘန်​ဇီး​မား​ကို​ အ​လိုက်​ပေး​ ကမ်း​လှမ်း​ သွား​ဖွယ်​ ရှိ​နေ​ကြောင်း သိ​ရ​သည်​။​

ရီး​ရဲလ်​ နည်း​ပြ​သစ်​ ဟို​ဆေး​မော်​ရင်​ညို​သည်​ အ​သက် (​၂၈)​ နှစ်​ရှိ ဆာ​ဘီး​ယား​နောက်​ခံ​လူ​အား​ သ​ဘော​ကျ​ လျက်​ရှိ​ရာ​ယ​မန်​နှစ်​က​ အ​သင်း​၏ အ​ရံ​ခုံ​တွင်​ အ​ထိုင်​များ​နေ​သော ​ပြင်​သစ်​ လက်​ရွေး​စင်​ ဘန်​ဇီး​မား​အား အ​လိုက်​ပေး​ ခေါ်​ယူ​ရန်​ စိတ်ဝင်စား​နေ​သည်​။​ ယူ​နိုက်​တက်​ နည်း​ပြ​ကြီး ဆာ​အ​လက်​ ဖာ​ဂူ​ဆန်​ ကိုယ်​တိုင်​က​လည်း​အ​သက် (​၂၂)​ နှစ်​သာ​ရှိ​သေး​သော​ ဘန်​ဇီး​မား​ကို အ​လို​ရှိ​ နေ​ကြောင်း​ သိ​ရ​သည်​။​ ဘန်​ဇီး​မား​သည်​ပြင်​သစ်​ က​လပ်​ အို​လံ​ပစ်​ လိုင်​ယွန်​တွင် အ​ကောင်း​ဆုံး​ ခြေ​စွမ်း​ပြ​ နိုင်​ခဲ့​ပြီး​နောက်​ယ​မန်​နှစ်​ နွေ​ရာ​သီ​က​ စ​ပိန်​ ထိပ်​တန်း က​လပ်​ အ​သင်း​ကြီး​ထံ​ ပြောင်း​ရွှေ့​ လာ​ခဲ့​သော်​လည်း​ ဂွန်​ဇာ​လို​ဟီ​ဂူ​ရင်​နှင့် ခ​ရစ်​စ​တီ​ယာ​နို​ရော်​နာ​ဒို​တို့​ကြောင့်​ အ​ရံ​ခုံ​တွင်​သာ​ အ​ထိုင်​များ​နေ​ရ​သ​ဖြင့် အ​သင်း​မှ​ထွက်​ခွာ​ရန်​ ဆ​န္ဒ​ရှိ​နေ​သည်​။​

ယူ​နိုက်​တက်​နှင့်​ အ​တူ​ အ​ကောင်း​ဆုံး ခြေ​စွမ်း​ ပြ​သ​ နိုင်​ခဲ့​သည့်​ ဗီ​ဒစ်​မှာ​လည်း​ ဇ​နီး​သည်​မှာ​ အ​င်္ဂလန်​မြေ​တွင် မ​ပျော်​ရွှင်​ခြင်း​ကြောင့်​ အ​သင်း​ ပြောင်း​ဖွယ်​ ရှိ​ကြောင်း​ သ​တင်း​များ ​ထွက်​ပေါ်​လျက်​ရှိပြီး ၎င်း​အား​ ရီး​ရဲလ်​ အ​ပြင်​ ဘာ​စီ​လို​နာ​၊​ အေ​စီ​မီ​လန်​စ​သည့်​ ဥ​ရော​ပ​ ထိပ်​တန်း အ​သင်း​အ​တော်​များ​များ​က​ စိတ်ဝင်စား​ နေ​ကြောင်း​ သိ​ရှိ​ရ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here