iPhone​ ဖြင့်​ ရာ​ဇ​ဝတ်​​ မှတ်​တမ်း​ဟောင်း​များ​​ ဖေါ်​ထုတ်​​ နိုင်​တော့မည်

alt

အ​မေ​ရိ​ကန်​နိုင်ငံ​ ရဲ​တပ်​ဖွဲ့​သည်​ လူ​တစ်ဦး​အား​ ဓာတ်​ပုံ​ ရိုက်​ပြီး​နောက် ၎င်း​တွင်​ ရာ​ဇ​ဝတ်​ မှတ်​တမ်း​ဟောင်း​ရှိ​ မ​ရှိ​ကို​ ဖော်​ထုတ်​ ပေး​နိုင်​မည့် iPhone​ ​Application​ ​တစ်​မျိုး​ကို​ စမ်း​သပ်​ သုံး​စွဲ​နေ​ကြောင်း​ သိ​ရ​သည်​။​

ယင်း​ Application​ ​မှာ လူ​တစ်ဦး​၏​ မျက်​နှာ​နှင့်​ မျက်​ကြည်​လွှာ​ တို့​ကို​ဓာတ်​ပုံ​မှ​ တ​ဆင့်​ အာ​ရုံ​ခံ ထောက်​လှမ်း​ ပေး​နိုင်​မည့်​​ Software​​ တစ်​မျိုး​ကို​ အ​ခြေ​ခံ​ ထား​ခြင်း ​ဖြစ်​ပြီး ရဲ​တပ်​ဖွဲ့ဝင်များ​ အ​နေ​နှင့်​ မ​သ​င်္ကာ​သူ​ တစ်ဦး​အား​ ဓာတ်​ပုံ​ ရိုက်​ယူ​ကာ ၎င်း​တွင်​ ရာ​ဇ​ဝတ် ​မှတ်​တမ်း​ဟောင်း​များ​ရှိ​ မ​ရှိ​ကို​ အ​လွယ်​တ​ကူ​ ထောက်​လှမ်း​ နိုင်​မည်​ ဖြစ်​သည်​။ ယင်း​​ Application​ မျိုး​ကို​ ယ​ခင်​က​တည်း​က ​တီ​ထွင်​ထား​ခဲ့​သော်​လည်း သယ်​ယူ​ သုံး​စွဲ​ရန်​ လွယ်​ကူ​သော​ မို​ဘိုင်း​ဖုန်း​များ​တွင်​ ထည့်​သွင်း​ တီ​ထွင်​မှု​မှာ iPhone​ တွင်​ ပ​ထ​မ​ဆုံး ​ဖြစ်​သည်​။​ ယင်း Application​ ကို​မက်​ဆာ​ချူး​ဆက်​တွင် စ​တင်​ စမ်း​သပ်​ သုံး​စွဲ​နေ​ပြီး​ ယင်း​ ဒေ​သ​ရှိ​ ရဲ​စ​ခန်း (​၂၈)​ ခု​နှင့်​ နယ်​မြေ​ လုံ​ခြံု​ရေး​ စ​ခန်း (​၁၄)​ ခု​ တို့​သို့​ ပေး​ပို့​ ထား​သည်​။​ ထို့​ကြောင့်​လည်း​ လမ်း​ပေါ်​တွင် ​ရုတ်​တ​ရက်​တွေ့​သည့် မ​သ​င်္ကာ​သူ​ တစ်ဦး​၏​ နောက်​ကြောင်း​ကို​ ရဲ​များ​ အ​နေ​နှင့်​ အ​လွယ်​တ​ကူ ချက်​ချင်း​ သိ​ရှိ​နိုင်​တော့​မည်​ဟု​ မက်​ဆာ​ချုး​ဆက်​ ရဲ​ဌာ​န​ အ​ကြီး​အ​ကဲ ဝီ​လျံ​ကို​လွန်​က​ ဆို​သည်​။

​ယ​ခု​ နည်း​ပ​ညာ​အား​ တီ​ထွင်​ခဲ့​သည့်​ BI2​ မှ​အ​ကြီး​အ​ကဲ ရှောင်​မြူ​လင်​က ​အ​မေ​ရိ​ကန်​ ရဲ​များ​ အ​နေ​နှင့်​လမ်း​ကြို​လမ်း​ကြား​တွင် ရုတ်​တ​ရက်​ တွေ့​ရှိ​သည့်​ လူ​တစ်ဦး​၏ ​နောက်​ကြောင်း ​ရာ​ဇဝင်ကို​ခွဲ​ခြား​ သိ​ရှိ​ရန် အ​ခက်​အ​ခဲ​ရှိ​ကြောင်း​၊​ ယ​ခု​ Application​​ က​ ရဲ​တပ်​ဖွဲ့ဝင်​များ​ အ​တွက်​ များ​စွာ​ အ​ထောက်​အ​ကူ ဖြစ်​စေ​မည်​ဟ ု​မျှော်​လင့်​ကြောင်း​ သုံး​သပ်​ ပြော​ဆို​ သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here