တောင်ကိုရီးယားအသင်း အနိုင်ရရှိမှု မြောက်ကိုရီးယား ပရိသတ်များလည်း အောင်ပွဲခံ

alt

“အရေးကြီးလျင် သွေးနီးသည်”ဆိုသော စကားကို ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် မြောက်ကိုရီးယား အသင်း၏ ပရိသတ်များက သက်သေပြ ခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေး ခံယူချက်၊ ရပ်တည်မှု ကွဲပြားပြီး ရန်သူသဖွယ်

ရပ်တည်နေသော တောင်ကိုရီးယား ဘောလုံး အသင်းက ကမ္ဘာ့ဖလား ပွဲဦးထွက်တွင် ဥရောပအသင်း ဂရိကို အနိုင် ရရှိခဲ့မှု အတွက် တပျော်တပါး အောင်ပွဲ ခံခဲ့ကြသည်။ ပြံုယမ်း အစိုးရကို လိုလားပြီး ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ထုတ်ဝေသည့် Chosun Sinbo​ သတင်းစာက ပြံုယမ်းမြို့ခံ ပရိသတ်များစွာတို့သည် တောင်ကိုရီးယား၏ (၂-၀)ဖြင့် နိုင်ပွဲအတွက် စိတ်လွတ်ကိုယ်လွတ် ပျော်မြူးခဲ့ကြကြောင်း ရေးသား ဖော်ပြခဲ့သည်။ တောင်ကိုရီးယားသည် (၂၀၀၄) ခုနှစ်၊ ဥရောပချန်ပီယံ အသင်းအား အခြေပြု တည်ဆောက် ထားသည့် ဂရိကို သက်သောင့် သက်သာ ကစားပြီး နှစ်ဂိုးပြတ် အနိုင် ရခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲသို့ (၄၄) နှစ် အကြာတွင်မှ ပြန်လည် ပါဝင်ခွင့် ရလာသော မြောက် ကိုရီးယားမှာမူ ကမ္ဘာ့နံပါတ်(၁) ဘရာဇီးနှင့် ပွဲဦးထွက် တွေ့ဆုံမည်ဖြစ်သည်။ မြောက် ကိုရီးယား၏ ပွဲစဥ်များကို နိုင်ငံအတွင်း တရားဝင် ထုတ်လွှင့် ပြသခွင့် ရရှိရေးမှာ ယခုတိုင် အဆင်မပြေ သေးကြောင်းလည်း သိရသည်။

တောင်ကိုရီးယား SBS ရုပ်မြင်သံကြား ဌာနက ၎င်းတို့သည် ကမ္ဘာ့ဖလား ပွဲစဥ်များကို ကိုရီးယား ရေလက်ကြား တစ်ခုလုံးတွင် ထုတ်လွှင့်ပြသခွင့် ရရှိထားသော်လည်း မြောက်ကိုရီးယား တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆွေးနွေးမှု အဆင်မပြေသဖြင့် မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံတွင်ပါ ထုတ်လွှင့်ပြသသွားမည့် အစီအစဥ်မှာ ပျက်ပြယ်ခဲ့ရကြောင်း ကြေညာထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here