ဖမ်း​ဆီး​ခံ​ရ​သည့်​ ​ထောက်​လှမ်း​ရေး​​ အေး​ဂျင့်​အား​ ​ပြန်​လည်​​ လွှဲ​ပြောင်း​​ ပေး​ရန်​ ​အ​စ္စ​ရေး​​ တောင်း​

alt

ပိုလန်နိုင်ငံတွင် ဖမ်းဆီးခြင်း ခံထားရသည့် အစ္စရေး ထောက်လှမ်းရေး အေးဂျင့်အား ပြန်လည် လွှဲပြောင်းပေးရန် အစ္စရေး အစိုးရ အဖွဲ့ဝင် ဝန်ကြီးများက တောင်းဆိုလိုက်သည်။

ဂျာမန် နိုင်ငံသား Passport​ ​အတုများ ကိုင်ဆောင်ထားပြီး ဇန်နဝါရီလ အတွင်းက ဒူဘိုင်းတွင် လုပ်ကြံ ခံရသည့် ဟားမတ် စစ်သွေးကြွ ခေါင်းဆောင် အမှုနှင့် ပတ်သက် နေသည်ဟု ယူဆရသော အစ္စရေး အေးဂျင့် ယူရီဘရော့စကီကို ပိုလန် ရဲများက ဝါဆော လေဆိပ်တွင် ဇွန်လ (၄) ရက်နေ့က ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ယင်းအား ဂျာမနီ နိုင်ငံက လွှဲပြောင်း ပေးရန် ပိုလန်ထံ တောင်းဆို ထားသော်လည်း အစ္စရေး၏ အနီးကပ်ဆုံး စစ်ရေး မဟာမိတ် နိုင်ငံ တစ်ခုဖြစ်သည့် ပိုလန် အနေနှင့် ၎င်းအား ဂျာမနီ ထံသို့ လွှဲပေး မပေးမှာ မသေချာ သေးချေ။ ထိုအချိန်တွင် အစ္စရေး ခရီး သွားလာရေး ဝန်ကြီး စတက်မစ်ဆီဟင်ကော့နှင့် အခြားသော ဝန်ကြီးများက ယူရီအား အစ္စရေး လက်သို့ ပြန်လည် ပေးအပ်ရန် တောင်းဆို ခဲ့ခြင်း ဖြစ်သည်။

ပိုလန် အနေနှင့် ယူရီအား စွပ်စွဲ ထားမှုများ အတိုင်း ၎င်းသည် အမှန်တကယ် ကျုးလွန်ခဲ့ခြင်း ရှိမရှိကို ဦးစွာ သက်သေ ပြရန် လိုအပ်ကြောင်း မစ်ဆီဟင်ကော့က သတင်းထောက်များအား ဂျေရုဆလင်မြို့တွင် ပြောကြား ခဲ့သည်။ အစ္စရေးသည် မိမိ၏ နိုင်ငံသား တစ်ဦးအား အခြား နိုင်ငံ တစ်ခုက စွဲချက်တင်ရန် တောင်းဆိုမှုကို ပိုလန်က လက်ခံ ပေးခြင်းအား ဆန့်ကျင် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြား ခဲ့သည်။ ယူရီသည် ဇန်နဝါရီလ (၂၀) ရက်နေ့က ဒူဘိုင်းရှိ ဟိုတယ် တစ်ခုတွင် ဟားမတ် အကြီးအကဲ မာမွတ် အယ်မက်ဟူအား သတ်ဖြတ်ရာတွင် ပါဝင် ခဲ့ကြောင်း ပိုလန်က ယူဆ ထားသည်။ ဒူဘိုင်း ရဲတပ်ဖွဲ့သည် အဆိုပါ ကိစ္စတွင် အစ္စရေး၏ ကမ္ဘာကျော် ထောက်လှမ်းရေး အဖွဲ့အစည်း မော့ဆက်က ပါဝင် ပတ်သက် နေကြောင်း စွပ်စွဲ ထားပြီး ၎င်းတို့သည် ဒူဘိုင်း သို့ အခြား နိုင်ငံများမှ Passport အတုများဖြင့် ဝင်ရောက် လာကြောင်း ဖော်ထုတ် တွေ့ရှိထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here