ရန်သူကို​ တုန့်ပြန်ရန် အတွက် အစွမ်းထက် လက်နက်များ လိုအပ်ဟု အီရန် ဘာသာရေး ခေါင်းဆောင်ပြော

alt

အီရန် နိုင်ငံ၏ ဩဇာကြီးမားသော ဘာသာရေး ခေါင်းဆောင် တစ်ဦးက နိုင်ငံ၏ ရန်သူများကို တုန့်ပြန် ဟန့်တားရန် အတွက် အထူး အစွမ်းထက်သည့် လက်နက်များ လိုအပ်နေကြောင်း ထောက်ပြခဲ့သည်။

AFP သတင်းဌာနက အယာတိုလာ မိုဟာမက် တာကီမက်ဘားယာဇီဒီ၏ ကိုယ်တိုင်ရေး စာအုပ် တစ်ခု၏ မိတ္တူကို ဖော်ပြ ခဲ့ရာ ဘာသာရေး ခေါင်းဆောင်ကြီးက အီရန်သည် အထူး တီထွင် ထားသည့် လက်နက်ဆန်းများကို အမှန်တကယ် လိုအပ် နေပြီဟု ပါရှိခဲ့သည်။ ကုလ သမဂ္ဂ လုံခြံုရေး ကောင်စီသည် မကြာသေးမီက အီရန်အား ပိတ်ဆို့မှု အသစ်များ ပြုလုပ်ခဲ့ရာ အီရန်ရှိ နျူကလီးယား ဆက်စပ် ပစ္စည်းများ ထုတ်လုပ် နေသည့် ကုမ္ပဏီ (၂၂) ခု အပါအဝင် စီးပွားရေးလုပ်ငန်း (၄၀)ကိုလည်း ထပ်မံပိတ်ဆို့ရန် ဆုံးဖြတ်ခဲ့သည်။

ယက်ဇီဒီက ၎င်း၏အာဘော်ကို ဖော်ညွှန်းသော စာအုပ် ဖြစ်သည့် The Islamic Revolution, a Surge in Political Changes in History ကို (၂၀၀၅) ခုနှစ်က ထုတ်ဝေခဲ့ပြီး ယမန်နှစ်က နောက်တစ်ကြိမ် ပုံနှိပ် ခဲ့သည်။ ယင်းစာအုပ်ကို နိုင်ငံ၏ ထိပ်တန်း ဘာသာရေးနှင့် နိုင်ငံရေး ခေါင်းဆောင်များ ကြားတွင်သာ ဖြန့်ဝေခဲ့ရာ လူသိများသော စာအုပ် တစ်အုပ် ဖြစ်မလာဘဲ အလွန် လျှို့ဝှက်စွာ တည်ရှိခဲ့သည်။ သို့သော်လည်း ယခုအခါ ယာဇီဒီ၏ စာအုပ်အား AFP က ရရှိသွားပြီးနောက် ကမ္ဘာသိ ဖော်ပြ လိုက်ခြင်း ဖြစ်သည်။

အီရန်သည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေကြောင်း အနောက် အုပ်စု နိုင်ငံများ၏ အစဥ်တစိုက် စွပ်စွဲမှုကို ရင်ဆိုင်နေရပြီး ကုလမဂ္ဂ လုံခြံုရေး ကောင်စီက ပိတ်ဆို့ မှုများစွာ ပြုလုပ်မှုကိုလည်း ခံထားရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here