လူ​​ ၅​ ဦး​သေ​ဆုံး​သည့်​ ​ပေါက်​ကွဲ​မှု​ ​ဖြစ်​ပွား​ ပြီး​နောက်​ ​ကင်​ညာ​တွင်​ ​အ​ရေး​ပေါ်​​ လုံ​ခြံု​ရေး​​ အ​စည်း​အ​ဝေး​ခေါ်

alt

ကင်ညာသမ္မတ မွိုင်ကီဘာကီက လူ (၅) ဦး သေဆုံးခဲ့သည့် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အရေးပေါ် လုံခြံုရေး အစည်းအဝေး တစ်ခု ဆင့် ခေါ်လိုက်ကြောင်း သိရသည်။

သမ္မတသည် နိုင်ငံရေး အစည်းအဝေး တစ်ခုအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ကိစ္စ အတွက် နိုင်ငံ၏ လုံခြံုရေး တာဝန် ရှိသူများနှင့် ဇွန်လ (၁၄) ရက်နေ့က အရေးပေါ် အစည်းအဝေး ကျင်းပ ခဲ့ခြင်းဖြစ်သည်။ နိုင်ရိုဘီတွင် ဩဂုတ်လ (၄) ရက်နေ့ ရွေးကောက်ပွဲ ဥပဒေသစ် ပြဌာန်းရန် ကြေညာချက် အပေါ် ဆန့်ကျင်ရန် ဆွေးနွေး နေစဥ် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကြောင့် နောက်ထပ် လူပေါင်း (၈၀)ကျော် ဒဏ်ရာများ ရရှိခဲ့သည်။ ဒုတိယသမ္မတ ကာလွန်ဇို မက်ယိုကာက သမ္မတကြီးသည် ယခု ကိစ္စ အတွက် လုံခြံုရေး တာဝန်ခံများနှင့် အလေးအနက် ဆွေးနွေး ခဲ့ကြောင်း ထုတ်ဖော် ပြောကြား သွားသည်။

အဆိုပါ ပေါက်ကွဲမှုနှင့် စပ်လျဥ်းပြီး အောက်ခြေ မှစကာ အသေးစိတ် လေ့လာရန် သမ္မတက အမိန့်ပေးထားကြောင်း မက်ယိုကာကဆိုသည်။ အာဖရိကတိုက် အရှေ့ပိုင်းရှိ နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ အနက် ယခု ကိစ္စသည် (၂၀၀၇) ခုနှစ်  နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်။ (၂၀၀၇) ခုနှစ်က ရွေးကောက်ပွဲ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပြီး ကင်ညာ နိုင်ငံသား (၁၅၀၀) ကျော် သေဆုံးကာ လူပေါင်း (၃၀၀၀၀၀) ကျော် နေအိမ်များကို စွန့်ခွာ ထွက်ပြေး ရသည်အထိ ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွား ခဲ့သည်။ ယခု ပေါက်ကွဲမှုကြောင့် သမ္မတနှင့် အတူ ဝန်ကြီးချုပ် ရေလာအိုဒင်ဂါနှင့် ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီးများ အပြင် စစ်တပ် အကြီးအကဲများပါ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဩဂုတ်လ (၄)​ ရက်နေ့တွင် ကြေညာမည့် ဥပဒေသစ်သည် (၂၀၁၂)ခုနှစ် ကင်ညာ​ ရွေးကောက်ပွဲ​ အတွက် ရည်ရွယ်​ ပြဌာန်းရန် အစိုးရက အဆိုပြု​ ထားခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here