ကိုယ့်​လက်​ကို​ ​ကိုယ်​တိုင်​ ​ဖြတ်​တောက်​ခဲ့​ရ​သူ

alt

သတ္တုမီးဖိုပျက် တစ်ခုတွင် နှစ်ရက် ကြာသည်အထိ ဘယ်ဖက်လက် ညပ်မိနေသည့် အမျိုးသား တစ်ဦးသည် ၎င်း၏ လက်အား ကိုယ်တိုင် ဖြတ်တောက် ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ အနောက် ဟတ်ဖို့တွင် နေထိုင်သည့် ဂျိုနသန်မက်သည် မြေအောက်ခန်း အတွင်း ပုပ်သိုး နံဟောင်နေသည့် လေထုကို ရှူရှိုက်ကာ (၂) ရက်မျှ ကြာသည်အထိ နေခဲ့ရပြီးနောက် လက်ကို ဖြတ်ပစ်ခြင်းသာ ၎င်း၏ တစ်ခုတည်းသော လွတ်မြောက်ရာ လမ်း အဖြစ် ဆုံးဖြတ်ခဲ့သည်။

ဂျိုနသန်သည် တစ်ရက်လုံးလုံး ၎င်း၏ လက်ကို ကိုယ်တိုင် လှီးဖြတ်နေခဲ့ရာ လက်တစ်ဖက်လုံး ပြတ်လု နီးပါး အခြေအနေထိ ရောက်သွားခဲ့သည်။ သို့သော်လည်း ဂျိုနသန်မှာ ထို လုပ်ရပ်ကြောင့် လွတ်မြောက်လာခဲ့ခြင်း မဟုတ်ပေ။ ၎င်း ပျောက်နေသဖြင့် စိတ်ပူနေသော မိတ်ဆွေများက ရဲထံ ဖုန်းဆက်ပြီးနောက် မီးသတ် သမားများက ဂျိုနသန်အား ရှာဖွေ ကယ်ဆယ် ခဲ့ခြင်း ဖြစ်သည်။

ဆရာဝန်များက ၎င်း၏ အသက်အား ကယ်ဆယ် လိုက်နိုင်သော်လည်း မီးဖိုပျက် အစိတ်အပိုင်းများဖြင့် ဖြစ်သလို လှီးဖြတ် ထားသည့် လက်မှတဆင့် ခန္ဓာကိုယ် တစ်ခုလုံးသို့ ပိုးဝင် လာနိုင်မှုကို သတိထား စောင့်ကြည့် လျက်ရှိသည်။ ဟားဖို့စိန့်ဖရန်ဆစ် ဆေးရုံမှ ဒေါက်တာ စကော့အယ်နာက ခွဲစိတ်မှုများ ပြုလုပ်ပြီးနောက် ဂျိုနသန်မှာ အသိမဲ့ မေ့မြောနေကြောင်း ပြောကြား ခဲ့သည်။ ဂျိုနသန်၏ သူငယ်ချင်း တစ်ဦး ဖြစ်သူ လူကာ ဒီဂရီဂိုရီက ဂျိုနသန်သည် ဘွိုင်လာ မီးဖိုတွင် ပြင်ဆင်မှုများ ပြုလုပ်ရန် တစ်ဦးတည်း နေခဲ့ ပြီးနောက် ယခုလို လက်တစ်ဖက် ညပ်သွားခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ၎င်းအား နှစ်ရက်ကြာ ပျောက်ဆုံး နေသဖြင့် ဖုန်း ဆက်သော်လည်း ဖုန်းပြန် မဖြေသဖြင့် ရဲထံသို့ ဆက်သွယ်ကာ အကူအညီ တောင်းခံ ခဲ့ပြီးနောက် ယခုလို ခြောက်ခြားဖွယ် အနေအထားဖြင့် ပြန်လည် တွေ့ရှိခဲ့ရခြင်းဟု ဂရီဂိုရီက ရှင်းပြခဲ့သည်။ ကယ်ဆယ်ရေးများက ဂျိုနသန်သည် မီးဖိုပျက်မှ ချိုင့်လေးများတွင် တင်ကျန် နေသောရေကို သောက်ခွင့် ခြင်းကြောင့် ယခုလို အသက်ရှင် နေခြင်း ဖြစ်ကြောင်းလည်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here