လိင်​ဆက်​ဆံ​မှု​​ အ​ခန်း​ ​ရိုက်​ကူး​ရန်​ ​အ​မျိုး​သ​မီး​​ ဇာတ်​ကောင် ​အ​စား​ထိုး​ရန်​​ မ​လို​ဟု​ ​စတီဖင်မွိုင်ယာ​​ပြော​

alt

True Blood ဇာတ်လမ်းတွဲများ ရိုက်ကူးစဥ်က ပါဝင်သည့် လိင် ဆက်ဆံမှု အခန်းများ အတွက် အမျိုးသမီး ဇာတ်ဆောင်ကို အစား ထိုးရန် မလိုကြောင်း စတီဖင်မွိုင်ယာ က ပြောကြား လိုက်သည်။

အသက် (၄၀) အရွယ် မင်းသားသည် (၂၇)နှစ်အရွယ် မင်းသမီး အန်နာ ပါကွင်နှင့် ချစ်သူများ ဖြစ်နေသော ကြောင့် အခြား ဇာတ်ကားများတွင် မင်းသမီး နေရာ အစားထိုးသည့် အမျိုးသမီးမျိုး မသုံးဘဲ နှစ်ဦး အတူပင် ကိုင်တိုင် ပါဝင်ခဲ့ကြောင်း စတီဖင်က ဆိုသည်။ သွေးစုပ် ဖုတ်ကောင် ဇာတ်ကား ဖြစ်သည့် True Blood နှင့် ပတ်သက်သော အင်တာဗျူး တစ်ခုတွင် ယခု ဇာတ်ကား အတွက် မိမိတို့ နှစ်ဦး စိတ်တိုင်းကျ ပျော်မြူးရသည့် ဇာတ်ဝင်ခန်းမျိုး ရိုက်ကူး ရခြင်းသည် သရုပ်ဆောင်ကြေး အပြင် သီးသန့် ရရှိသည့် အပို ဆုကြေးပင် ဖြစ်ကြောင်း ၎င်းက ဟာသ အဖြစ် ပြောကြား သွားသည်။

အန်နာကလည်း သူမသည် စတီဖင်ရှေ့တွင် အဝတ်မပါဘဲ နေရသည့် အတွက် အခြားမင်းသား တယောက်နှင့် သရုပ်ဆောင် ရသကဲ့သို့ အနေမခက်ကြောင်း ဝန်ခံ ခဲ့သည်။ Entertainment Weekly နှင့် အင်တာဗျူးတွင် အန်နာက မိမိ အနေနှင့် လူစားထိုးရန် စိတ်မကူးခဲ့သလို စတီဖင်က တောင်းဆို လာပါကလည်း စိတ်ဆိုး မိမည် ဖြစ်ကြောင်း ပြောကြား သွားခဲ့သည်။ စတီဖင်နှင့် အန်နာတို့သည် (၂၀၀၇) ခုနှစ် ကတည်းက စတင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ True Blood​ ဇာတ်ကားများကို (၂၀၀၈) ခုနှစ်၊ စက်တင်ဘာလ ကတည်းက အမေရိကန်တွင် စ​တင်​ခဲ့​ကာ​ ယနေ့အထိ ပြသလျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here