မ​လေး​ရှား​ရှိ​ ​တ​ရုတ်​​ လူ​မျိုး​များ​​ အ​တွက်​ ​ထူး​ထူး​ခြား​ခြား​ ​လိင်​ ဝန်​ဆောင်​မှု

alt

မလေးရှား နိုင်ငံရှိ တရုတ် လူမျိုးများ အတွက် ထူးထူးခြားခြား လိင် ဝန်ဆောင်မှု တခုအား Promotion ပြုလုပ် နေကြောင်း သိရသည်။

စာပို့ ဌာနာ တာဝန် ရှိသူများသည် စာတိုက် မှတဆင့် ကမ်းလှမ်း ပို့ဆောင်သည့် လက်ကမ်း စာစောင် များကို တွေ့ရှိခဲ့ပြီး ယင်း စာစောင်များ အနက် မလေးရှားရှိ မီရီမြို့တွင် နေထိုင်သော တရုတ် လူမျိုးများသည် ခေတ်ပေါ် ဇိမ်ခံကားကြီး တစင်းပေါ်တွင် လိင် အပျော်အပါး လိုက်စားရန် ဝန်ဆောင်မှု ပေးမည်ဟု ဖော်ပြထားသည်။ ထိုစာရွက်တွင် ဖုန်းနံပါတ် (၃) ခု ကို ဖော်ပြထားပြီး ဖုန်း ခေါ်လိုက်ပါက လူစည်ကားရာ ဈေးဝယ် ဧရိယာအတွင်း တွင်ပင် ကား နောက်ခန်းသို့ သွားရောက်ကာ ပျော်ပါး နိုင်မည်ဟု ဆိုသည်။

Toyota Alphard​ ကားပေါ်မှ ဝန်ဆောင်မှု အတွက် ဈေးနှုန်း အနေနှင့် တနာရီလျှင် ရင်းဂစ်ငွေ (၃၅၀)​ ကျသင့်မည် ဖြစ်သည်။ ယင်း ဖုန်း နံပါတ်များကို ခေါ်ဆို လိုက်ပါက အမျိုးသား တဦးက လက်ခံ စကားပြောပြီး ဖုန်းခေါ်သူထံမှ အမည်၊ ဖုန်းနံပါတ်နှင့် နေရပ် လိပ်စာတို့ကို မေးမြန်းကြောင်း သိရသည်။ ကျေနပ်လောက်သော မေးမြန်း စုံစမ်းမှု ရရှိပါက ဈေးနှုန်း ဆိုင်ရာ သဘောတူညီအောင် ညှိနှိုင်းပြီးနောက် သတ်မှတ် ချိန်းဆိုသော နေရာသို့ အမျိုးသမီးကို ကားဖြင့်လာပို့ သွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ယခု လိင် ဝန်ဆောင်မှု အတွက် စုံစမ်းမှုများ ပြုလုပ် နေကြောင်း ပြောကြား ခဲ့သည်။ ရဲများက မီရီမြို့ခံများအား ယင်း ဆွဲဆောင်မှုအား မယုံကြည်ရန်နှင့် ရာဇဝတ်မှုများ ဖြစ်လာ နိုင်ကြောင်း သတိပေး ထားသည်။ ယခုကဲ့သို့ ကား အတွင်းတွင် ရှိနေချိန်တွင် မည်သို့သော ခြိမ်းခြောက်မှုမျိုး မဆို ကိုယ်တွေ့ ကြံုသွား ရနိုင်ကြောင်း မီရီ ရဲတပ်ဖွဲ့ ဒုတိယ အကြီးအကဲ အစ်ဇမေး ပါဒူကာ အိုင်းဒရစ်က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here