အလုပ်လျှောက်ထားမှု အကြိမ်၂၀၀ ကျော် ငြင်းဆန် ခံရသဖြင့် သေကြောင်းကြံ

alt

အလုပ်လျှောက်ထားမှု အကြိမ်(၂၀၀)ကျော် ငြင်းဆန်ခံရပြီးနောက် မိန်းကလေးတစ်ဦးသည် မိမိကိုယ်ကိုယ် သေကြောင်းကြံသွားကြောင်း သိရှိရသည်။ ဗြိတိန်နိုင်ငံမှ GCSE(၁၀)ခုနှင့် A-Level(၃)ခု ရရှိထားသည့်

အသက်(၂၁)နှစ်အရွယ် ကျောင်းသူလေး ဗစ်ကီဟာရစ်ဆန်မှာ စာမေးပွဲ ရမှတ်ကောင်းများ ရှိနေသော်လည်း အနည်းဆုံး အလုပ်အကိုင်နေရာ (၂၀၀)က သူမအား ခန့်အပ်ရန် ငြင်းဆန်ကြောင်း ပြန်ကြားစာများ ရရှိခဲ့ပြီးနောက် ယခုလမ်းကို ရွေးသွားရှာခြင်းဖြစ်သည်။

ဗစ်ကီ၏ဖခင် တိုနီက သူမသည် သေကြောင်းမကြံမီ မည်သူမျှ ဝမ်းမနည်းကြရန်၊ ယခုကိစ္စသည် မည်သူ့အပြစ်မှ မဟုတ်ဘဲ သူမအနေနှင့် ဆက်လက်ကြိုးစားရန် မဖြစ်သင့်တော့ကြောင်း၊ လူတိုင်းပျော်ရွှင်စေရန် ဆုတောင်းပေးခဲ့ကြောင်း နောက်ဆုံးနှုတ်ဆက်စာ ရေးထားခဲ့သည်ဟု ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။ လန်ကက်ရှိုင်းယားတွင် နေထိုင်သော ဗစ်ကီသည် အရောင်းဆိုင်အကူ၊ စားပွဲထိုးစသည့် အလုပ်များပါမကျန် လျှောက်ထားခဲ့သော်လည်း အရာရာ ပယ်ချခံခဲ့ရရှာသည်။ သူမသည် အလုပ်လုပ်ရင်း တက္ကသိုလ်တွင် သင်ကြားရေး ဘာသာရပ်ကို ဆက်လက်သင်ယူရန် မျှော်လင့်ထားကြောင်းလည်း တိုနီကဆိုသည်။

ဗစ်ကီတွင် (၃)နှစ်ခွဲကြာ တွဲလိုက်၊ အဆက်ပြတ်လိုက် ဖြစ်နေသော ချစ်သူတစ်ယောက်လည်းရှိသည်။ သူမသည် နောက်ဆုံးသေကြောင်းကြံမည့် အချိန်မတိုင်မီက Twilight Saga: New Moonဇာတ်လမ်း DVDကို ကြည့်ရှုခဲ့ပြီး မိခင်အား ထိုဇာတ်ကားသည် အလွန်ကြေကွဲဖွယ်ကောင်းကြောင်း ပြောကြားခဲ့သေးကြောင်း သိရသည်။ ရဲများက ဗစ်ကီသေဆုံးမှုအတွက် သူမ၏ ချစ်သူအား စုံစမ်းမှုများ ပြုလုပ်ခဲ့သေးသော်လည်း သေကြောင်းကြံမှုနှင့် ဆက်နွယ်ပတ်သက်ခြင်း မရှိကြောင်း အတည်ပြု ပြောကြားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here