က​မ္ဘာ့​ဖ​လား​ပွဲ​ကို​ ​ကြို​ဆို​​ လိုက်​သည့်​ ​ဟောင်​ကောင်​​ နာ​မည်​ကြီး​​ မော်​ဒယ်လ်

alt

ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲကြီးအား ကြိုဆိုသည့် အနေနှင့် ဟောင်ကောင်မှ နာမည်ကြီး မော်ဒယ်လ် ဂျက်ဆီကာ (ဂျေစီ)သည် သူမ၏ အဝတ်များကို ချွတ်ပစ် လိုက်ပြီ ဖြစ်သည်။

Just Jessica အမည်ရှိ ဓာတ်ပုံ အယ်ဘမ် တစ်ခုကို ဂျက်ဆီကာက တောင် အာဖရိကတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲအား ဂုဏ်ပြုသည့် အနေနှင့် ထုတ်ဝေ ခဲ့ရာ ယင်းအယ်ဘမ်တွင် ဂျက်ဆီကာ၏ ရေကူး ဝတ်စုံနှင့် ဆွဲဆောင်မှုရှိသော ပုံများအပြင် အပေါ်ပိုင်း ဗလာကျင်း ထားသည့် ဓာတ်ပုံ တစ်ပုံလည်း ပါလာခဲ့သည်။ ထိုပုံ အတွင်း ဂျက်ဆီကာ၏ ရင်သားများကို သူမ၏ ရှည်လျားသော ဆံပင်များဖြင့် ကပိုကရို ဖုံးကွယ် ထားခဲ့သည်။ ဂျက်ဆီကာက သူမသည် အဆိုပါ ပုံအား ရိုက်ကူးစဥ်က သူမ၏ ရင်သား ထိပ်ဖျားလေးများ မပေါ်စေရန် သတိထား ဖုံးကွယ် ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်တွင် Hot​ အဖြစ်ဆုံး စာရင်းဝင် မော်ဒယ် တစ်ဦးဖြစ်သည့် ဂျက်ဆီကာက ကမ္ဘာ့ဖလားတွင် ဘရာဇီး အသင်းကို အားပေး သွားမည်ဖြစ်ပြီး ကွင်းလယ်လူ ရီကာဒို ကာကာကို သူမ အနှစ်သက်ဆုံးဟုဆိုသည်။ ဂျက်ဆီကာက ကာကာသည် ရုပ်ရည် ချောမောပြီး၊ နှစ်လို ဖွယ်ကောင်းကြောင်း၊ သို့သော်လည်း ထို့ထက်ပို အရေးကြီးသည်မှာ မိသားစုအပေါ် တာဝန်ကျေပြီး ခင်ပွန်းကောင်း တစ်ဦးလည်း ဖြစ်နေကြောင်း ဂျက်ဆီကာက မှတ်ချက်ပြုခဲ့သည်။ ထို့အပြင် သူမ၏ ချစ်သူမှာမူ အမျိုးသား အားလုံးထက် သူမ အတွက် ပိုမို ပြည့်စုံကြောင်း၊ ယင်း၏ နေရာတွင် မည်သူနှင့်မှ အစား မထိုးနိုင်ကြောင်းလည်း ပြောကြား သွားသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here