သွေး​တိုး​ ပျောက်​ဆေး​ တ​မျိုး​နှင့်​ ​ကင်​ဆာ​ရော​ဂါ​ ​ဆက်​စပ်​​

alt

တကမ္ဘာလုံးတွင် အသုံးပြုနေသည့် သွေးတိုး ပျောက်ဆေး တမျိုးသည် ကင်ဆာ ရောဂါနှင့် ဆက်စပ် နေကြောင်း သုတေသန စစ်တမ်း တစ်ခု ဖော်ထုတ် တွေ့ရှိခဲ့သည်။

ARB​ ဆေးဝါးသည် သွေးတိုးခြင်းကို ပျောက်ကင်း စေနိုင်ကြောင်း လက်ခံ ယုံကြည်ကာ တကမ္ဘာလုံးရှိ သက်ကြီးပိုင်း သန်းပေါင်း များစွာက ယုံကြည်စွာ သုံးစွဲ နေခဲ့သည်။ ဗြိတိန် တနိုင်ငံထဲတွင်ပင် လူပေါင်း (၁၅) သန်းကျော်က အသုံးပြုနေသည့် ယင်း ဆေးဝါးသည် ကမ္ဘာ့ အတိုင်းအတာနှင့်လည်း အလွန် အသုံးတွင်ကျယ်သည့် ဆေးတမျိုး အဖြစ် ရပ်တည် နေသည်။ သို့သော်လည်း အဆိုပါ ဆေးသည် ကင်ဆာ အန္တရာယ်ကိုလည်း တိုးတက် ဖြစ်ပေါ်စေကြောင်း အမေရိကန် သုတေသီများက ပြောကြားခဲ့သည်။ ၎င်းတို့ သည် ယင်းဆေးဝါး သုံးစွဲနေသည့် သွေးတိုး လူနာပေါင်း (၆၁၅၉၀) ဦး၏ ကျန်းမာရေး မှတ်တမ်းများကို လေ့လာပြီးနောက် အဆုတ်၊ ဆီးကြိတ်နှင့် ရင်သား​ ကင်ဆာများ ဖြစ်ပွား နိုင်ခြေ တိုးပွား လာသလို သေဆုံးမှုများလည်း ရှိခဲ့ကြောင်း ဖော်ထုတ်​ တွေ့ရှိခဲ့သည်။

ARB​ ဆေးဝါးကို သုံးစွဲသူများသည် (၄)​ နှစ်​အတွင်း ကင်ဆာ​ ရောဂါ ဖြစ်နိုင်ခြေ (၇.၂)​ ရာခိုင်နှုန်းထိ တိုးမြင့်လာကြောင်း အိုဟိုင်းအိုး၊ ကလီဗာလန်းရှိ Case Western Reserve​ တက္ကသိုလ်မှ ဒေါက်တာ​ အစ်ကီဆီဖာက ပြောကြား​ခဲ့ခြင်း ဖြစ်သည်။ အချို့သော လူနာများတွင် ယင်းဆေးဝါးအား စွဲစွဲမြဲမြဲ သုံးစွဲခြင်းကြောင့် ကင်ဆာ​   ဖြစ်နိုင်ခြေ (၈)​ ရာခိုင်နှုန်းမှ (၁၁)​ ရာခိုင်နှုန်းထိ တိုးပွား​ လာကြောင်းပင် မှတ်ချက်ပြု ပြောကြား​ သွားခဲ့သည်။ သို့သော်လည်း ကင်ဆာ​ လေ့လာရေး သုတေသန​ စင်တာကမူ ယခု​ သုတေသန စစ်တမ်းမှာ အခြေခံ​ စမ်းသပ်ချက်သာ ရှိနေသေးပြီး လူနာများအား ယင်းဆေးဝါး သုံးစွဲ​နေခြင်းအား ရပ်တန့်ပစ်ရန် မတိုက်တွန်း​ လိုသေးကြောင်း ပြောကြားလိုက်သည်။ ယင်းဆေးကို နှလုံး​ အားနည်းခြင်း၊ ဆီးချိုကြောင့် ကျောက်ကပ်​ ထိခိုက်မှုများ​ အတွက်ပါ တွဲဖက်​ အသုံးပြုလေ့ ရှိကြောင်းလည်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here