iPhone​ 4​ နှင့်​ iPhone​ 3GS​ ​သုံး​စွဲ​သူ​များ​​ အ​ပေါ်​ Apple​ က​ ​ညှိ​နှိုင်း​​မည်

alt

Apple​ ကုမ္ပဏီသည် iPhone 4​ အား ထုတ်လုပ် ရောင်းချရန် ပြီးခဲ့သည့် သီတင်းပါတ်က အတည်ပြု ကြေညာ လိုက်ပြီးနောက် iPhone 3GS​ အား မကြာသေးမီကမှ ဝယ်ယူ မိခဲ့သူများအား

ငွေ ပြန်အမ်းခြင်း၊ iPhone 4သို့ သက်သာသော နှုန်းထားဖြင့် အဆင့်မြှင့် တင်ခွင့်ပေးခြင်းများ ပြုလုပ် ပေးသွား မည်ဟု အတည်ပြု ကြေညာခဲ့သည်။ Apple သည် ငွေ ပြန်အမ်း ပေးရန် စီစဥ် ထားသည့် အပြင် အကယ်၍ ဖုန်း အမျိုးအစား အသစ်အား ကိုင်တွယ် လိုပါကလည်း လိုအပ်သော ငွေ ပမာဏကို ဖြည့်စွက် တောင်းခံကာ လဲလှယ် ပေးသွားမည်ဟု ဆိုသည်။

လက်ရှိ အနေအထားအရ iPhone 3GS ကိုင်ဆောင်သူ အများစုသည် iPhone 4သို့ အဆင့်မြှင့်တင်ရန် ဆန္ဒရှိနေကြောင်း Apple ကဆိုသည်။ သို့သော်လည်း Apple သည် သက်သာသော နှုန်းထားဖြင့် iPhone 4သို့ အဆင့်မြှင့်တင်ခွင့်ပေးမည့် အစီအစဥ်အား မေလ(၇)ရက်နေ့နောက်ပိုင်းမှ iPhone 3GS ဝယ်ယူကိုင်တွယ်သူများကိုသာ သီးသန့် ခွင့်ပြု သွားမည် ဖြစ်သည်။ ထို့ကြောင့် iPhone 3GS 16GB ကိုင်ဆောင် သူများသည် ဒေါ်လာ (၅၀)၊ iPhone 3GS 32GB ကိုင်ဆောင်သူများက ဒေါ်လာ (၁၀၀) စီ ထပ်မံ ပေးသွင်းခြင်းဖြင့် iPhone 4 အား ဝယ်ယူ နိုင်မည် ဖြစ်သည်။

Apple သည် မိုဘိုင်းဖုန်း လောကတွင် နာမည် ရထားသော ၎င်းတို့၏ ထုတ်ကုန် iPhone ၏ စတုတ္ထမျိုးဆက်ကို ဇွန်လ(၂၄)​ ရက်နေ့မှ စတင်ကာ အမေရိကန်တွင် ရောင်းချ ပေးသွား မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here