မိခင်နို့ရည် အွန်လိုင်းမှ ဝယ်ယူနိုင်မည်

alt

ဗြိတိန်နိုင်ငံမှ နို့ထွက်ကောင်းသော သားသည်အမေ တစ်ဦးသည် မိခင်နို့ရည် စစ်စစ်အား Online​ မှတဆင့် ရောင်းချနေကြောင်း သိရသည်။ ထို့ကြောင့်လည်း နို့မထွက်ဘဲ အခက်ကြံုနေရသည့် မိခင်အတော်များများသည်

တိုနီအက်ဒွန်ထံမှ နို့ရည်လေးအောင်စလျှင် (၁၅)ပေါင်နှုန်းဖြင့် ဝယ်ယူကာ ရင်သွေးများအား တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။

တိုနီက ယခုအကြံအစည်ကို သူမ၏နို့ထွက်နှုန်း ကောင်းလှသည့်အတွက် သူငယ်ချင်းတစ်ဦးက နောက်ပြောင်ပြီး ပြောဆိုသည့် စကားမှ ရရှိခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သူမအနေနှင့် ဝင်ငွေရခြင်းကို ပျော်ရွှင်မိသော်လည်း နို့ရည်လုံးဝ ခမ်းခြောက်သွားသည်အထိ မဖြစ်အောင် သတိပြုနေကြောင်း တိုနီကဆိုသည်။ တိုနီသည် သားငယ်ဒေးဗစ်အား မွေးဖွားပြီးနောက် နို့ထွက်များလွန်းခြင်းကြောင့် သူမ၏ ရင်သားများမှာ တင်းမာကြီးထွားလာပြီး နာကျင်မှုကိုလည်း ခံစားခဲ့ရသည်။

သူမသည် နို့ရည်ကို ပိုက်ဖြင့်စုပ်ထုတ်ကာ ရေခဲသေတ္တာအတွင်း ပုလင်းလေးများဖြင့် သိမ်းထားပြီး email​ ဖြင့် ဆက်သွယ်ဝယ်ယူသူများထံ ရောင်းချပေးခြင်းဖြစ်သည်။ ယခုရောင်းချမှုကို နို့မထွက်သည့် မိခင်များက အထူးစိတ်ဝင်စားကြကြောင်း တိုနီကဆိုသည်။ အသက်(၂၆)နှစ်ရှိ တိုနီသည် ကလေး၏ ဖခင်နှင့် အတူမနေတော့သဖြင့် ငွေကြေးအခက်အခဲများ ရှိနေရာ ယခုနည်းလမ်းကြောင့် အတန်ငယ် အသက်ရှူချောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သူမသည် နို့ရည်ဖြင့် ငွေကြေးရရှိသော်လည်း သားငယ်ဒေးဗစ်အား ဝဝလင်လင် တိုက်ကျွေးပြီးမှသာ ကျန်သောနို့ရည်ကို ရောင်းချခြင်းဖြစ်ကြောင်းလည်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here