လယ်မြေသိမ်းယူနေသည့် နယ်မြေဖွံ့ဖြိုးရေးဝန်ထမ်းများအား တရုတ်လယ်သမားက စစ်ကြေညာ

alt

တရုတ် နိုင်ငံမှ လယ်သမား တစ်ဦးသည် ၎င်း ပိုင် မြေအား သိမ်းယူရန် ကြိုးပမ်း နေသည့် နယ်မြေ ဖွံ့ဖြိုးရေး ဝန်ထမ်းများအား စစ် ကြေညာ လိုက်ကြောင်း သိရသည်။

ယန်ယွန်ဒီသည် ကိုယ်တိုင် ပြုလုပ်ပြီး ဘီးတပ်ကာ ရွှေ့ပြောင်း နိုင်သည့် အမြှောက် တစ်လက်ကို ကာကွယ်ရေး အတွက် အသုံးပြု ထားကြောင်း သိရသည်။ တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဘိုင်းအပြင်ဖက် ဝူဟန်းမြို့ပြင်တွင် နေထိုင်သည့် လယ်သမားက ၎င်း ပိုင်ဆိုင်ရာ နယ်မြေမှ အတင်း ဖယ်ရှား ပေးရန် ဖိအားပေးမှု နှစ်ကြိမ်မျှ ကြံုတွေပြီးနောက် ယခုလို ခံစစ်​ အတွက် ပြင်ဆင်​ ထားခြင်းဟု ရှင်းပြခဲ့သည်။

ယန်က ဒေသခံ အုပ်ချုပ်ရေးအဖွဲ့သည် ၎င်းပိုင်မြေတွင် အစိုးရ အဆောက်အအုံတစ်ခု တည်ဆောက်ရန် ကြံစည်နေပြီး ယွမ်ငွေ(၁၃၀၀၀၀)ဖြင့် မြေနေရာအား ဝယ်ယူရန် (၅)ကြိမ်မက ကြိုးစားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းပိုင်မြေအနီးရှိ အခြားသော လယ်ကွက်များကို ဝယ်ယူထားပြီးဖြစ်ကာ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဖောင်ဒေးရှင်းချရန်ပင် ပြင်ဆင်ထားပြီးဖြစ်သည်။ ယန်ကမူ မည်သို့သော ဖိအားပေးမှုများ ရှိနေသည့်တိုင် မြေနေရာကို လက်လွှတ်ခံရန် အစီအစဥ်မရှိကြောင်း ငြင်းဆိုထားသည်။ ၎င်းသည် ဖေဖော်ဝါရီလက အတင်းအကြပ် ရွှေ့ပြောင်းရန် ဖိအားပေးမှုများ ခံခဲ့ရသော်လည်း ဒေသခံရဲတပ်ဖွဲ့က ကြားဝင်ဖြေရှင်းပေးခဲ့သည်။

မေလအတွင်း နောက်တစ်ကြိမ် ကြံုရပြီးနောက် ယန်သည် ယခုလို ကာကွယ်ရေး ကဏ္ဍကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည် ယန်၏မြေအား အလိုရှိနေသော်လည်း ပုဂ္ဂလိက ပိုင်ဆိုင်မှုအား ထိပါးခွင့်မရှိကြောင်း လူ့အခွင့်အရေး အဖွဲ့များက ယန်ဖက်မှ မားမားမတ်မတ် ရပ်တည်ကာ ထောက်ခံနေကြသဖြင့် အကြပ်ရိုက်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here