ခွဲ​စိတ်​ပြု​ပြင်​ထား​သည့်​ ​ရင်​သား​ပေါက်​ကွဲ​သွား​သ​ဖြင့်​ ​လေ​ကြောင်း​လိုင်း​အား​ ​ရု​ရှား​မော်​ဒယ်​က ​တ​ရား​စွဲ

alt

ရုရှား မော်ဒယ် တစ်ဦးသည် သူမ၏ ခွဲစိတ် ပြင်ဆင် ထားသည့်ရင်သား ပေါက်ကွဲ သွားခြင်း အတွက် လေကြောင်းလိုင်း တစ်ခုအား တရားစွဲ ထားလိုက်သည်။

ရင်သားအရွယ် 44J​ ရှိသဖြင့် အစဥ် ဂုဏ်ယူလေ့ရှိသည့် အသက် (၂၉)​ နှစ်အရွယ် မော်ဒယ် အိုင်ရင် ဖာရာရီသည် ဆွစ် လေကြောင်းလိုင်းပိုင် လေယာဥ် လူးရာမှ ရှေ့ဖက်ရှိ ထိုင်ခုံ ၏ အနောက်ပိုင်းကို ဝင်ဆောင့် မိပြီး ဘယ်ဖက် ရင်သား ကွဲထွက် သွားသည်။ ပေါက်ကွဲမှု အရှိန်အဟုန်မှာ ပြင်းထန် လှကြောင်း၊ သူမ၏ ရင်သားကို ပြန်လည် ပြင်ဆင် ရတော့မည် ဖြစ်ကြောင်း ဖာရာရီက ပြောကြား ခဲ့သည်။

ထို့အပြင် လေယာဥ် အတွင်း ခုံများကို ကြပ်ညပ်စွာ ထားရှိခြင်းကြောင့် ယခုလို ဖြစ်ရသည်ဟု လည်း သူမက စွပ်စွဲ ထားသည်။ ယခု သီတင်းပါတ် အတွင်း မော်စကိုမှ ဇူးရစ်သို့ လာရောက်သော ခရီးစဥ်တွင် ဒုက္ခ ကြံုခဲ့သည့် အတွက် ဖာရာရီက လျော်ကြေး ပေါင်စတာလင် (၈၂၅၀၀) ရရှိ လိုကြောင်း အရေးဆို ထားသည်။

သူမသည် ရင်သား နှစ်ဖက်လုံးအား ကြီးထွားစေရန် (၉) ကီလိုဂရမ်စီ အလေးချိန်ရှိသော အတုအပများ ထည့်သွင်း ထားခြင်းဖြစ်သည်။ ဖာရာရီ၏ ရှေ့နေ ဆာဂျီဇိုရင်က လေယာဥ်၏ ထိုင်ခုံများ စီစဥ် နေရာချထားမှုသည် အမျိုးသမီး၏ ရင်သား အတွက် ကြပ်နေကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here