က​မ္ဘာ့​အဝ​ဆုံး​​ အ​မျိုး​သ​မီး​ဘွဲ့​​ ရ​ရှိ​ရေး​​ ​န​ယူး​ဇီ​လန်​​ အ​မျိုး​သ​မီး​ ​ကြိုး​ပမ်း​နေ

alt

နယူးဇီလန်မှ အမျိုးသမီး တစ်ဦးသည် ကမ္ဘာ့ အဝဆုံး အမျိုးသမီး ဆိုသော ဘွဲ့ထူးကို ရရှိရန် အတွက် အထူး ကြိုးပမ်း နေကြောင်း သိရသည်။ အသက် (၄၂) နှစ်ရှိ ဒွန်နာဆင်ဆမ်က

သူမသည် ကယ်လိုရီ ကြွယ်ဝသော အစားအသောက်များကို အင်တိုက် အားတိုက် စားသောက်ပြီး လက်ရှိ အလေးချိန် ပေါင် (၆၀၀) မှ ပေါင် (၁၀၀၀) သို့ တိုးမြှင့် နိုင်ရန် စီစဥ် နေကြောင်း ပြောကြား ခဲ့သည်။ ကလေး (၂) ဦး၏ မိခင် ဖြစ်သည့် ဒွန်နာသည် သူမ၏ စီမံကိန်း အတွက် လှုပ်ရှားမှုများကို supersizedbombshells.com အမည်ရှိ ဝက်ဆိုက်တွင် ဗီဒီယို ဖြင့်လည်း ရိုက်ကူး ပြသထားသည်။

ယခင်က ကမ္ဘာ့စံချိန်တင် ပမာဏ အထိ ကိုယ်အလေးချိန် မြင့်ခဲ့သော အမျိုးသမီးများမှာ ပေါင်ချိန် (၁၈၀၀) နှင့် (၁၂၀၀) စီထိ ရောက်ခဲ့ပြီး နှစ်ဦးလုံး ကွယ်လွန် သွားပြီ ဖြစ်သည်။ ဒွန်နာကမူ သူမသည် ကိုယ်ပိုင် Reality Show တစ်ခု စီစဥ်နိုင်ပြီး အများ လူထုကို ဆွဲဆောင် နိုင်မည့် လုပ်ရပ်မျိုး အတွက် အပြည့်အဝ ယုံကြည်မှု ရှိနေကြောင်း ပြောဆို ထားသည်။ XXXXXL အရွယ်အစား အဝတ်များကိုသာ ဝတ်ဆင် ရသည့် ဒွန်နာက သူမသည် ကြီးမားသော ဝမ်းဗိုက် သားကြီးများ၊ တင်သားကြီးများရှိလေ၊ ဆွဲဆောင်မှု ရှိလေဟု ခံယူထားကြောင်း ဖွင့်ဟ ပြောကြား ခဲ့သည်။

သူမသည် ယခုအခါ Type 2 ဆီးချိုရောဂါ ကို ခံစားနေရသဖြင့် တစ်ပါတ်လျင် ဒေါ်လာ (၇၅၀) ဖိုး ဆေးဝါးများ ဝယ်ယူ သုံးစွဲနေရသည်။ ဒွန်နာက သူမ၏ လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ကြံုတွေ့ နေရသော်လည်း ဂရုမစိုက်ကြောင်းနှင့် ရည်မှန်း ထားသည့်အတိုင်း ကမ္ဘာ့ ကိုယ်အလေးချိန် အများဆုံး သက်ရှိထင်ရှား အမျိုးသမီးဘွဲ့ကို အရယူနိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here