အ​မျိုး​သားဝတ်​​​ အ​တွင်း​ခံ​ဘောင်း​ဘီ​တွင်​​ လုံ​ခြံု​ရေး​စ​နစ်​​ တပ်​ဆင်​စမ်း​သပ်

alt

အမျိုးသားများ ဝတ်ဆင်သည့် အတွင်းခံ ဘောင်းဘီတွင် လုံခြံုရေး စနစ် တစ်ခုအား တပ်ဆင် စမ်းသပ် နေကြောင်း သိရသည်။ အဆိုပါ နာနို အင်ဂျင်နီယာ နည်းပညာသုံး ဘောင်းဘီသည်

ဝတ်ဆင်သူ၏ ခန္ဓာကိုယ် အတွင်း သွေးဖိအား၊ နှလုံး ခုန်နှုန်းနှင့် အခြားသော အသက်ဓာတ်နှင့် ဆက်စပ်နေသည့် လှုပ်ရှားမှုများကို အာရုံခံ တိုင်းတာ ပေးမည်ဟု သိရသည်။ ဘောင်းဘီ၏ အနောက်ဖက် ခါးရှံုကြိုး နေရာတွင် တပ်ဆင် ထားသည့် သေးငယ် လှသော ကိရိယာလေးအား အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ဆန်ဒီယေးဂိုး တက္ကသိုလ်မှ ပရော်ဖက်ဆာ ဂျိုးဆက်ဝမ်က တီထွင် ထားခြင်း ဖြစ်သည်။

အဆိုပါ အတွင်းခံ ဘောင်းဘီများကို အမေရိကန် စစ်တပ်တွင် စတင် အသုံးပြုကာ စစ်သားများ၏ ကျန်းမာရေးကို ခြေရာခံ သိရှိ နိုင်ရေး အတွက် စမ်းသပ် မည်ဟု သိရသည်။ ထို့အပြင် စစ်သားများ အနေနှင့် စစ်မြေပြင်တွင် သေကြေခြင်း၊ ဒဏ်ရာ ရခြင်းများ ကြံုလာပါက အမည် ခွဲခြား သိရှိ ရန်နှင့် ဒဏ်ရာ အမျိုးအစားကို အလွယ်တကူ ခြေရာခံ သိရှိ နိုင်ရန်လည်း ရည်ရွယ် ထားကြောင်း ဒေါက်တာဂျိုးဆက်က ရှင်းပြ ခဲ့သည်။

စစ်ပွဲများတွင် ဒဏ်ရာ ရလာသော စစ်သည်အား သယ်ဆောင် လာသည့် အချိန်တွင်ပင် လိုအပ်သော ဆေးဖက် ဆိုင်ရာ တိုင်းတာမှုများကို အလိုအလျောက် သိရှိ စေနိုင်မည်ဟု ဒေါက်တာ ဂျိုးဆက်က ဆိုသည်။ ထို့အပြင် ယင်း နည်းပညာကို အနာဂတ် ကာလတွင် စစ်ဖက် မဟုတ်သော အများ ပြည်သူ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ကိရိယာ အဖြစ် အသုံးပြု သွားနိုင်ရန် စီစဥ် ထားကြောင်းလည်း ၎င်းက ဆက်လက် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here