တောင်ကိုရီးယား၏ အာကာသအတွင်း ဒုံးပျံလွှတ်တင်ရေး ရွှေ့ဆိုင်းလိုက်ရ

alt

တောင်ကိုရီးယား နိုင်ငံက အာကာသအတွင်းသို့ လွှတ်တင်ရန် စီစဥ်ထားသည့် ဒုံးပျံစီမံကိန်းအား ရွှေ့ဆိုင်းလိုက်ရကြောင်း သိရှိရသည်။ တောင်ကိုရီးယားသည် မူလက လေ့လာရေးဒုံးပျံ Naro-1ကို

ဇွန်လ(၉)ရက်နေ့တွင် လွှတ်တင်ရန် စီစဥ်ထားသော်လည်း မီးလောင်နိုင်သည့် အန္တရာယ်ရှိသော အနေအထားများ တွေ့မြင်ရပြီးနောက် ရွှေ့ဆိုင်းလိုက်ရသည်။

နည်းပညာ အခက်အခဲကြောင့် ယင်းဒုံးပျံ လွှတ်တင်ရေးကို ယခုလို ရွှေ့ဆိုင်းလိုက်ရသည်မှာ ဒုတိယ အကြိမ်မြောက်ဖြစ်သည်။ (၂၀၀၉)ခုနှစ်ကလည်း ပထမဆုံးအကြိမ် ဒုံးပျံလွှတ်တင်ရေး စီမံကိန်းမှာ နည်းပညာ အားနည်းချက်များကြောင့် ရွှေ့ဆိုင်းခဲ့ရသေးသည်။ တောင်ကိုရီးယားသည် ကမ္ဘာပတ်လမ်းသို့ ဂြိုဟ်တုတစ်ခု လွှတ်တင်ရန် ရည်ရွယ်ချက်ဖြင့် ယခုဒုံးပျံ လွှတ်တင်ရေး စီမံကိန်းအား ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဒုံးပျံတွင် ဖြစ်ပွားခဲ့သော အားနည်းချက်များကို တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံမှ ပညာရှင်များ ပူးပေါင်းအဖြေရှာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here